ဝိုင်းမော် ရွှေညောင်ပင်ဂိတ်တွင် စစ်ဆေးမှုတင်းကြပ်

ဝိုင်းမော် ရွှေညောင်ပင်ဂိတ်တွင် စစ်ဆေးမှုတင်းကြပ်

မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတစ်လျှောက်တွင် ဝိုင်းမော်-ရွှေညောင်ပင် စစ်တပ်ဂိတ်မှာ စစ်ဆေးမှု အလွန်တင်းကြပ်သဖြင့် သတိထားသင့်ကြောင်း ခရီးသွားပြည်သူများက ပြောဆိုနေကြသည်။

ရွှေညောင်ပင်ဂိတ်တွင် စစ်တပ်က ဝိုင်ဖိုင်စနစ်ထောင်ထားကာ မသင်္ကာသူများ၏ မိုဘိုင်းဖုန်းများကို အင်တာနက်ချိတ်ပြီး အသေးစိတ် စစ်ဆေးနေကြောင်း ခရီးသွားပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

“ဖုန်းမပါဘူးပြောရင် ဘာဖြစ်လို့ ဖုန်းမပါရမလဲ၊ မဖြစ်နိုင်ဘူးဆိုပြီး အဲ့လိုပြောတဲ့သူတွေကိုဆိုရင် ပိုစစ်ဆေးတယ်။ သူတို့ သိပ်မသင်္ကာတဲ့သူတွေရဲ့ ပစ္စည်းကိုထုတ်ပြီး တစ်ခုပြီးတစ်ခုစစ်တယ်။ ဂိတ်မှာတပ်ထားတဲ့ WIFI နဲ့ ဖေ့ဘုတ်ဖွင့်ပြီး အချက်အလက်တွေ ပုံတွေကြည့်ပြီး စစ်တာ။ ဖုန်းထဲက ကိုယ်ရိုက်ထားတဲ့ ဆာဖီလ်ပုံတွေရဲ့ နောက်ခံနေရာတွေကအစ ဘယ်မှာရိုက်ထားတယ်ဆိုတာတွေ အကုန်ကြည့်ပြီးစစ်တာ” ဟု ပြီးခဲ့သည့် ဇွန်လအတွင်း ဗန်းမော်မှပြန်လာသော ခရီးသည်တစ်ဦးက ပြောပြသည်။

ရွှေညောင်ပင် စစ်ဆေးရေးဂိတ်တွင် ယောကျာ်းလေးများကို စစ်ဆေးမှုတင်းကြပ်ပြီး အဓိကအားဖြင့် ဆံပင်ပုံစံ၊ အသားရောင်နှင့် လက်မောင်း၊ ဒူးများတွင် အမာရွတ်ရှိ/မရှိ စသဖြင့် စစ်သင်တန်းတက်ခဲ့ပုံရသည့် လူငယ်များကို ပိုမိုစစ်ဆေးသည်ဟု ဆိုသည်။

ထို့အပြင် ခရီးသည်များတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်ပတ်သက်သော ဓါတ်ပုံနှင့် ပစ္စည်းတစ်ခုခုတွေ့ရှိပါက ကားသမားများကိုလည်း ဖမ်းဆီးရိုက်နက်မှုများပြုလုပ်ကြောင်း ထပ်မံသိရသည်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းတွင် ယခင် အာဏာမသိမ်းမီကတည်းက လမ်းတစ်လျှောက် ဂိတ်များရှိသော်လည်း ခရီးသွားများကို တင်းကြပ်စွာ စစ်ဆေးခြင်းမျိုး မရှိခဲ့ပေ။

စစ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမှ KIO ဌာနချုပ် လိုင်ဇာသို့ဝင်သော လိုင်းကားတချို့ကိုလည်း ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မြစ်ကြီးနား-ပူတာအို လမ်းခရီးတွင်လည်း ယောကျာ်း ၃ ယောက်ထက်ပိုကာ ခရီးအတူသွားပါက စစ်ဆေးမှုတင်းကြပ်နေပြီး၊ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများ၏ အချက်အလက်ကို ဖြည့်စွက်ခိုင်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

 
 

 

 

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...