စစ်ကောင်စီ ပြန်လွှတ်ပေးသည့် သျှမ်းပြည်နိုင်/ကျဉ်းများ ခံဝန်ထိုးရ

စစ်ကောင်စီ ပြန်လွှတ်ပေးသည့် သျှမ်းပြည်နိုင်/ကျဉ်းများ ခံဝန်ထိုးရ

သျှမ်းပြည်တဝှမ်း စစ်ကောင်စီမှ ပြန်လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသား (၃၆) ဦးသည် ခံဝန်ကတိထိုးပြီး ပြန်လွှတ်လာကြောင်း သတင်းရရှိသည်။

ယနေ့ ဇွန် (၃၀) ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ခန့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား အမျိုးသား (၁၅) ဦးနှင့် အမျိုးသမီး (၄) ဦး စုစုပေါင်း (၁၉) ဦးတို့ကို ခံဝန်ကတိ လက်မှတ်ရေးထိုးပြီး လွှတ်ပေးခဲ့ကြောင်း ပြန်လွှတ်လာသည့်သူတစ်ဦး၏ မိသားစုဝင်က ပြောသည်။

“ခံဝန်လက်မှတ်ထိုးလာရတယ်။ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်အောင်ဆိုပြီး ခံဝန်ထိုးရတယ်” ဟု အကျဉ်းထောင်မှာ သွားရောက်စောင့်ကြိုသည့် ပြည်သူတစ်ဦးက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ တောင်လေးလုံး အကျဉ်းထောင်မှာလည်း အမျိုးသား (၁၇) ဦး လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်လို့သိရတော့ အများကြီး မျှော်လင့်ထားတယ်။ မပါလာတော့ ပြင်းပြင်းထန်ထန် ခံစားရတာပေါ့” ဟု တောင်လေးလုံးမှာ သွားရောက်စောင့်ကြိုသည့် မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ လွှတ်လာသည့်သူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်လှုပ်ရှားသည့်သူများဖြစ်ပြီး၊ စစ်ကောင်စီမှ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြောင်း သိရသည်။

ယနေ့ စစ်ကောင်စီမှလွတ်ပေးသည့် အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများပါဝင်ပြီး သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ နိုင်ငံရေးအကျဉ်းသား (၁၀) ဦးကျော်ရှိကြောင်း သိရသည်။

စစ်ကောင်စီ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ယနေ့ထိ စစ်ကောင်စီက လူငယ်များ ဆန္ဒဖော်ထုတ်သူများကို ဖမ်းဆီးခြင်းများ ရှိသော်လည်း ပြည်သူများ အုပ်ချုပ်ခွင့်မပေးဘဲ နည်းမျိုးစုံဖြင့် ဆန့်ကျင်ဆန္ဒပြနေကြောင်း သတင်းရရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ (၁) ရက်မှ ဇွန် (၂၉) ရက်ထိ စစ်ကောင်စီသည် ပြည်သူ (၅၂၂၄) ဦးအား ဖမ်းဆီးချုပ်နှောင်ထားပြီး ထိုအထဲမှ (၂၂၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...