စစ်တပ်သတင်းပေး သိန္နီမြို့နယ်ပညာရေးမှူးကို KIA နှင့် MNDAA တို့က စာပို့

စစ်တပ်သတင်းပေး သိန္နီမြို့နယ်ပညာရေးမှူးကို KIA နှင့် MNDAA တို့က စာပို့

သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှ Non-CDM ပြုလုပ်ထားသည့် မြို့နယ်ပညာရေးမှူး၏ လက်ကိုင်ဖုန်းထံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၂) ဖွဲ့က ခြိမ်းခြောက်စာပို့လာကြောင်း စုံစမ်းသိရသည်။

Non-CDM ပြုလုပ်ထားသည့် မြို့နယ်ပညာရေးမှူးဖြစ်သည့် ဒေါ်သူဇာအေး၏ လက်ကိုင်ဖုန်းသို့ ဇွန် (၂၅) ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့က ခြိမ်းခြောက်စာပို့‌လာကြောင်း သိရသည်။

ခြိမ်းခြောက်ခံရသူ သိန္နီမြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက ခြိမ်းခြောက်ခံရသည့်ပတ်သက်၍ အထက်ဌာနသို့ ဇွန်လ (၂၆) ရက်နေ့ ညနေ (၄) နာရီ (၄၄) မိနစ်အချိန်က အထူးကြေးနန်းရေးသားပေးပို့ထားသည့် ကြေးနန်းတစ်စောင်ပေးပို့ကြောင်း သိန္နီမြို့နယ်နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက စစ်တပ်သတင်းပေး ဒလန်ပါ။ သူ့ကို ဇွန်လ ၂၅ ရက်နေ့က KIA၊ MNDAA တို့က ခြိမ်းခြောက်စာပို့လာတယ် ကြားတယ်၊ ဇွန်လ ၂၆ ရက်နေ့မှာတော့ သူက အဲ့အကြောင်းကို သူ့အထက်ဌာနနဲ့ စစ်ကောင်စီအချို့ကို အထူးကြေးနန်းနဲ့ တိုင်ကြားတယ်ဆိုတဲ့သတင်းက အပြင်ကို ပေါက်ကြားလာတယ်” ဟု သိန္နီမြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါကြေးနန်းတွင် ၎င်း၏ လက်ကိုင်ဖုန်းနံပါတ်သို့ (KIA/MNDAA) တို့ ပေးပို့လာသည့် ခြိမ်းခြောက်စာမှာ “ကျောင်းပိတ်ပြီး ဆရာ/ဆရာမ ဝန်ထမ်းတွေကို အမြန်ရုပ်သိမ်းပေးလိုက်ပါ၊ သူတို့အတွက် အာမ မခံနိုင်ဘူး၊ လိုက်နာမှုမရှိရင်တော့ ရှိတာအကုန်သွားတော့မယ်" ဟု သိရသည်။

သိန္နီမြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးသည် ယခင်က ကြံ့ခိုင်ရေးပါတီ၏ အလုပ်အမှုဆောင် အတွင်းရေးမှူးတစ်ဦးဖြစ်သည့်အပြင် CDM လုပ်ဆောင်သည့် သိန္နီမြို့နယ်အတွင်းမှ ဆရာ/မများ၏ နာမည်စာရင်းနှင့် ကိုယ်ရေးရာဇဝင်များကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့နှင့် စစ်ဆင်မှု ကွပ်ကဲရေးဌာနချုပ်သို့ သတင်းပေးပို့သူဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဒေါ်သူဇာအေးသည် CDM ပညာရေးဝန်ထမ်းများအပေါ် ဖိအားပေးခြိမ်းခြောက်သူဖြစ်သည့်အတွက် သိန္နီမြို့နေပြည်သူများက ၎င်းအား Social Punishment လုပ်ဆောင်ထားကြသည်ကိုလည်း သိရသည်။

သိန္နီမြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးကို ခြိမ်းခြောက်စာပေးပို့သည့် ကိစ္စနှင့်ပက်သက်ပြီး KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို သျှမ်းသံတော်ဆင့်က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

သျှမ်းမြောက် လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများအားလုံး CDM ဝင်ရန် ဇွန် (၆) ရက်တွင် KIA မှ စာထုတ်ညွှန်ကြားခဲ့ကြောင်း သိရသည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...