ပင်လုံမြို့သို့လာသည့် အမျိုးသမီး (၃) ဦး စစ်ကောင်စီ လိုက်လံဖမ်းဆီးနေ

ပင်လုံမြို့သို့လာသည့် အမျိုးသမီး (၃) ဦး စစ်ကောင်စီ လိုက်လံဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ ပင်လုံမြို့သို့လာရောက်သည့် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီမှ လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့မှ ပင်လုံမြို့သို့လာသည့် အမျိုးသမီး (၃) ဦးကို စစ်ကောင်စီမှ ယမန့်နေ ဇွန် ၂၃ ရက်တွင် ပင်လုံမြို့တွင်းရှိသည့် တည်းခိုခန်းများကို လိုက်လံစစ်ဆေးနေပြီး၊ ၎င်း (၃) ယောက်ကို ရှာဖွေခဲ့ကြောင်း ပင်လုံမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ တည်းခိုးခန်းတွေမှာ သွားစစ်ဆေးတယ်။ ကျမတို့သိရတာတော့ သူတို့ လူကိုလာရှာတယ်လို့ပြောတယ်။ တည်ခိုးခန်းမှာ လာတည်လားဆိုပြီးတော့ မေးတယ်လို့ပြောတယ်။ တည်ခိုးခန်းမှာ သွားရှာတာ မတွေ့ဘူး။ သူတို့ ပင်လုံတစ်မြို့လုံးပတ်ရှာတယ်” ဟု ပင်လုံမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ စစ်ကောင်စီမှ လိုက်လံဖမ်းဆီးနေသူများသည် တောင်ကြီးမှတက်လာသည့် အမျိုးသမီးများဖြစ်ပြီး ၎င်းတို့ကို ပင်လုံမြို့ အထင်ကရနေရာ နန်းကျင်းပူးစေတီနားတွင် ဖမ်းမိသွားကြောင်း ဒေသခံများကပြောသည်။

“သူတို့ကို နန်းကျင်းပူးမှာဖမ်းမိသွားတယ်။ ကားပေါ်တင်သွားပြီးတော့ ခေါ်သွားတယ်။ သူတို့က တောင်ကြီးကနေ တက်လာတဲ့သူတွေဖြစ်တယ်။ ဘာကြောင့်ဖမ်းတာလဲတော့မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် ဖမ်းဆီးခံရမှုရှိမရှိကို သျှမ်သံတော်ဆင့်အနေဖြင့် သီးသန့်အတည်မပြုနိုင်သေးပေ။

အလားတူ ယနေ့ ဇွန် ၂၄ ရက်နေ့တွင် ပင်လုံမြို့ (၅၁၃) တပ်အတွင်းသို့ အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်စစ်ဆေးသွားခဲ့ကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...