ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးနှင့် သံသယလူနာ ၅ ဦး ထပ်မံသေဆုံး

ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးနှင့် သံသယလူနာ ၅ ဦး ထပ်မံသေဆုံး

ကလေးမြို့တွင် ဇွန်လ (၂၀) ရက်နေ့၌ ကိုဗစ် Positive လူနာ (၂) ဦးနှင့် သံသယလူနာ (၅) သေဆုံးခဲ့ကြောင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး ပရဟိတအဖွဲ့ထံမှ သိရသည်။

"Positive (၂) ဦး အစိုးရအတည်ပြု သံသယလူနာ (၅) ဦး မနေ့ ကလည်း (၇) ဦး ဒီနေ့လည်း အသက်ကြီးပိုင်းတွေပဲဖြစ်တယ်၊ အသက် (၄၀) ကျော်တွေပဲ၊ အခုချိန်ထိတော့ အောက်ဆီဂျင်မလုံလောက်မှုတွေကလည်း ရှိနေတုန်းပါပဲ" ဟု ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကိုဗစ်ကူးစက်ခံရခြင်းကြောင့် သေဆုံးသူအများစုမှာ အသက်ကြီးပိုင်းနှင့် ရောဂါအခံရှိသူများဖြစ်ကြသည်ဟု သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရက်ပေါင်း ၂၆ ရက်အတွင်း စုစုပေါင်း အယောက် (၆၀) ဦး သေဆုံးမှုရှိခဲ့ပြီဟု သိရသည်။

 
 

 

 

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...