မင်းတပ် ကံကြီးရွာမှာ စစ်ကော်မရှင်တပ် အင်အား ၂၀၀ ကျော်နဲ့ တပ်စွဲ

မင်းတပ် ကံကြီးရွာမှာ စစ်ကော်မရှင်တပ် အင်အား ၂၀၀ ကျော်နဲ့ တပ်စွဲ

မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက သေနတ်တွေ ရမ်းသမ်းပစ်ဖောက်ပြီး ဝင်ရောက်လာကာ လက်ရှိအချိန်အထိ အင်အားအလုံးအရင်းနဲ့ တပ်ဖြန့်ထားတာကြောင့် ဒေသခံတချို့ ရွာထဲမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ကျောက်ထုအခြေစိုက်တပ်ကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဧပြီလ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ ကံကြီးကျေးရွာထဲကို သေနတ်တွေ ရမ်းသမ်းပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက် ကျောက်ထုတပ်ကနေ ဖောကားတွေနဲ့ အင်အားထပ်မံဖြည့်တင်းခဲ့တာကြောင့် အခုဆိုရင် ကံကြီးရွာထဲမှာ စစ်ကော်မရှင်အင်အား ၂၁၀ ခန့်အထိ ရှိနေပြီလို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

ရွာထဲကို ရောက်လာတဲ့ စစ်ကော်မရှင်တပ်တွေဟာ ဧပြီလ ၂၇ ရက်နေ့အထိ ကျေးရွာအတွင်းပိုင်း၊ လမ်းဆုံလမ်းခွတွေ၊ စာသင်ကျောင်းနဲ့ တံတားအနီးတွေမှာ တပ်ဖြန့်နေရာယူထားကြတာ ဖြစ်ပါတယ်။

အခုလို စစ်ကော်မရှင်ဘက်က အင်အားအလုံးအရင်းနဲ့ တပ်စွဲထားတာကြောင့် ကျေးရွာက ပြည်သူတချို့ဟာ ရွာထဲကနေ အပြင်ကို ထွက်မရဘဲ ပိတ်မိနေကြတာလည်း ဖြစ်ပါတယ်။

ကံကြီးကျေးရွာဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ၁၀ မိုင်ကျော်ဝန်းကျင်ပဲ ဝေးကွာပြီး မကွေးတိုင်းကနေ မင်းတပ်မြို့၊ ဆောမြို့၊ ဆောမြို့မှ ကန်ပလက်မြို့တွေကို ကားလမ်းမအတိုင်း တိုက်ရိုက်သွားလို့ရတဲ့ အချက်အချာကျတဲ့ နေရာမှာ ရှိနေတာပါ။

အခုလို စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် ဆော - ကျောက်ထု - မင်းတပ် လမ်းပိုင်းကို သွားလာခြင်း မပြုကြဖို့နဲ့ အနီးနားက ကျေးရွာနေပြည်သူတွေအနေနဲ့လည်း အထူးဂရုစိုက်ကြဖို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...