ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးနှင့် သံသယလူနာ ၅ ဦး ထပ်မံသေဆုံး

ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးနှင့် သံသယလူနာ ၅ ဦး ထပ်မံသေဆုံး

ကလေးမြို့တွင် ဇွန်လ (၂၀) ရက်နေ့၌ ကိုဗစ် Positive လူနာ (၂) ဦးနှင့် သံသယလူနာ (၅) သေဆုံးခဲ့ကြောင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး ပရဟိတအဖွဲ့ထံမှ သိရသည်။

"Positive (၂) ဦး အစိုးရအတည်ပြု သံသယလူနာ (၅) ဦး မနေ့ ကလည်း (၇) ဦး ဒီနေ့လည်း အသက်ကြီးပိုင်းတွေပဲဖြစ်တယ်၊ အသက် (၄၀) ကျော်တွေပဲ၊ အခုချိန်ထိတော့ အောက်ဆီဂျင်မလုံလောက်မှုတွေကလည်း ရှိနေတုန်းပါပဲ" ဟု ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကိုဗစ်ကူးစက်ခံရခြင်းကြောင့် သေဆုံးသူအများစုမှာ အသက်ကြီးပိုင်းနှင့် ရောဂါအခံရှိသူများဖြစ်ကြသည်ဟု သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရက်ပေါင်း ၂၆ ရက်အတွင်း စုစုပေါင်း အယောက် (၆၀) ဦး သေဆုံးမှုရှိခဲ့ပြီဟု သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...