နန်းမယ်ခုံမှာ စစ်အုပ်စုကြောင့် ၂ ရက်အတွင်း ပြည်သူ ၄ ဦးသေဆုံး

နန်းမယ်ခုံမှာ စစ်အုပ်စုကြောင့် ၂ ရက်အတွင်း ပြည်သူ ၄ ဦးသေဆုံး
ဓါတ်ပုံ - Karenni Hope
ဓါတ်ပုံ - Karenni Hope

ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဧပြီလ ၂၃ ရက် ၊ ၂၅ ရက်နေ့အတွင်း ပြည်သူ ၄ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG) ဆီကနေ သိရပါတယ်။ 

"အသေးစိတ်ဆိုရင်တော့  ဧပြီ၂၃ ရက်နေ့ ညနေ ၆ နာရီခွဲမှာကတော့ လက်နက်ကြီးပစ်လာတဲ့အတွက်ကြောင့်မို့လို့ ယောကျ်ားလေးပေါ့နော။ ၁၇ နှစ်တစ်ယောက်ဆုံးသွားပြီးတော့ နေအိမ်တစ်လုံးပျက်သွားတယ်ဆိုတဲ့ဟာကို ကျမတို့မှတ်တမ်းတင်ထားတာရှိတယ်။ ကျမတို့သွားကြည့်ထားတာရှိတယ်။ နောက်တစ်ခုကတော့ ၂၅ ရက်နေ့ပေါ့နော။ ၁၀ နာရီလောက်မှာ စစ်ကောင်စီတွေက အသေခံဒရုန်းနဲ့ ကြဲချတဲ့အတွက်ကြောင့်မို့လို့ သေဆုံးတဲ့လူ ၃ ယောက်ရှိတယ်။ ယောက်ျားလေး ကလေး ၁ ယောက်ရှိမယ်။ လူကြီး ၁ ယောက်ရှိမယ်။ ပြီးတော့ မိန်းကလေး ကလေး ၁ ယောက်ရှိမယ်ပေါ့နော။ စုစုပေါင်းကတော့ သေဆုံးတဲ့လူတွေကတော့ ၃ ယောက်ရှိမယ်။ နောက်ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့လူတွေကတော့ ကျား ၂ ယောက် ရှိမယ်ပေါ့နော။ စုစုပေါင်းက ထိခိုက်သေဆုံး ၃ ယောက်နဲ့ ဒဏ်ရာရ ၂ ယောက်ဆိုတော့ ၅ ယောက်ပေါ့နော။"လို့ KnHRG တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ နှစ်ဦးကတော့ လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်အခြေစိုက်တပ်ရင်းကနေ လူထုတွေရှိတဲ့ကျေးရွာအတွင်းကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

တိမ်းရှောင်ကြတဲ့ လူထုအတွက် လိုအပ်ချက်တွေ များပြားနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ နန်းမယ်ခုံ အားမန်သစ် ပရဟိတအသင်းဝင်တစ်ဦးက အခုလိုပြောပါတယ်။ 

"တိမ်းရှောင်ကြတဲ့ လူထုအခြေအနေကတော့ အကူအညီအထောက်ပံ့တွေ လိုအပ်ကြတယ်ပေါ့နော်။ လူဦးရေအားဖြင့်တော့ ၁၅၀၀ ဝန်းကျင်လောက်ရှိမယ်။"လို့  နန်းမယ်ခုံ အားမန်သစ် ပရဟိတအသင်းဝင်တစ်ဦးက ဆိုပါတယ်။ 

ရှမ်း - ကရင်နီနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက လက်နက်ကြီး ၊ ဒရုန်းနဲ့ ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ လုံခြုံရေး စိုးရိမ်ပူပန်ကြပြီး စိုက်ပျိုးထားတဲ့ လယ်ယာစပါးကို ချန်ရစ်တာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...