စစ်ကောင်စီတပ်သားမှ မန်တုံအမျိုးသမီး (၂) ဦးကို အတင်းအဓမ္မပြုကျင့်

စစ်ကောင်စီတပ်သားမှ မန်တုံအမျိုးသမီး (၂) ဦးကို အတင်းအဓမ္မပြုကျင့်

သျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မှိုရှာထွက်သည့် အမျိုးသမီး (၂) ဦးကို စစ်ကောင်စီတပ်သားမှ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန် (၁၄) ရက်တွင် အသက် (၂၆) နှစ်အရွယ် ကလေးမိခင်တစ်ဦးနှင့် အသက် (၂၀) အရွယ် အမျိုးသမီးငယ်တစ်ဦးသည် မှိုသွားရှာစဉ် စစ်ကောင်စီတပ်သားများမှ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း၊ မည်သည့်တပ်ရင်းမှ တပ်သားဖြစ်သည်ကို မသိရှိသေးကြောင်းလည်း မန်တုံမြို့ဒေသခံတစ်ဦးက သျှမ်းသံတာ်ဆင့်ကိုပြောသည်။

“အမျိုးသမီး (၂) ယောက်က မှိုသွားရှာသွားကြတာ။ လမ်းမှာ စစ်သားတွေ အဓမ္မပြုကျင့်တယ်။ ဘယ်တပ်ရင်းကဆိုတာ မသိဘူး။ ပြစ်မှုကျူးလွန်သူတွေကို ထိရောက်စွာ အပြစ်စေချင်တယ်။ အရေးယူစေချင်တယ်။ နောက် ဒီလိုထပ်မဖြစ်စေချင်ဘူး” ဟု မန်တုံဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိ အတင်းအဓမ္မပြုကျင့်ခံရသည့် အမျိုးသမီး (၂) ဦးကို လုံခြုံသည့်နေရာတွင်ပို့ထားကြောင်း၊ ကျေးရွာရှိ အမျိုးသမီးများလည်း အပြင်ထွက်ရမှာ စိုးရိမ်ထိတ်လန့်မှုဖြစ်ပွားနေကြောင်းလည်း ၎င်းကပြောသည်။

“အခုလိုမျိုးဆို ကျမတို့ အမျိုးသမီးဘဝက လုံခြုံမှုမရှိတော့ဘူး၊ အခုဆို ရွာကအမျိုးသမီးတွေ အပြင်ထွက်ဖို့ကြောက်နေရပြီ” ဟု မန်တုံဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး တအာန်း (ပလောင်) အမျိုးသမီးအဖွဲ့အစည်းနှင့် ဆက်သွယ်မေးမြန်းရာ အဆိုပါကိစ္စအား မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်းမှာ ခိုးမှု လုယက်ဓါးပြတိုက်မှု၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ နေ့စဉ်ရက်ဆက်ရှိနေကြောင်း သိရသည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...