တောင်ကြီးမြို့နယ် NLD ပါတီဝင် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ၊ အလောင်းပြန်မရ

တောင်ကြီးမြို့နယ် NLD ပါတီဝင် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ၊ အလောင်းပြန်မရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် မောက်စံကျေးရွာတွင် ယမန်နေ့ (ဇွန် ၁၂) ရက် ညနေ ၃ နာရီဝန်းကျင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇွန် ၁၂) ရက် ညနေ ၃ နာရီတွင် အသက် (၆၅) နှစ်အရွယ်ရှိ NLD ပါတီဝင် ဦးထွဋ်မောင်သည် ၎င်းပိုင်သည့်ဆန်စက်တွင် ရောက်ရှိနေချိန် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ် (၄) ချက်ဖောက်ကာ ပစ်ခတ်သွားကြောင်း၊ ထို့ပြင် ဦးထွဋ်မောင်၏ အလောင်းကိုပါ သယ်ယူသွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သေနတ်ပစ်သံကြားတော့ ဘယ်သူမှ ထွက်မကြည့်ရဲဘူး။ ဘယ်သူလာပစ်သွားလဲဆိုတာကို မသိလိုက်ရဘူး။ သေနတ်သံက (၄) ချက်ပါ။ ဦးထွဋ်မောင်အလောင်းကိုလည်း ယူသွားတယ်။ အခုထိမရသေးဘူး” ဟု ဒေသခံတစ်ဦးကဆိုသည်။

ဦးထွဋ်မောင်၏ အလောင်းကို လက်ရှိအချိန်ထိ မိသားစုဝင်များ ပြန်မရရှိသေးကြောင်း၊ ဆေးရုံနှင့် ရဲစခန်းများကို မိသားစုဝင်များက လိုက်ကြည့်သော်လည်း မတွေ့ရှိကြောင်း သိရသည်။

အဆိုပါ ဦးထွဋ်မောင် ပစ်သတ်ခံရသည့် မောက်စံကျေးရွာသည် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တို့ မကြာခဏ မြေနေရာလုသည့် ပဋိပက္ခဖြစ်ပွားလေ့ရှိသည့် ဒေသဖြစ်ကြောင်း သိရသည်။

 
 

 

 

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...