မင်းတပ်မြို့နယ်မှ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူများအား ပခုက္ကူဆေးရုံသို့ ကြက်ခြေနီ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်

မင်းတပ်မြို့နယ်မှ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူများအား ပခုက္ကူဆေးရုံသို့ ကြက်ခြေနီ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် မကွေးတိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့က ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်များထဲမှ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိသည့် အသက် (၁၂) နှစ်အရွယ် ယောင်္ကျားလေး (၁) ဦး၊ အသက် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ဦးနှင့် (၂) ရက်သား မွေးကင်းစအရွယ် ယောင်္ကျားလေး (၁) ဦး၊  စုစုပေါင်း ကလေးငယ် (၃) ဦးတို့အား ကျောက်ထုမြို့မှတစ်ဆင့် ပခုက္ကူဆေးရုံသို့ ပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များ၊ ဒေသခေါင်းဆောင်များနှင့် ညှိနှိုင်းခဲ့ပြီး ဒေသခံများ၏အကူအညီဖြင့် လူနာကလေးငယ်များအား ကျောက်ထုမြို့အထိ ပို့ဆောင်ပေးခဲ့ကြပါသည်။

ထိုမှတဆင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဇင်နိုင်ဦး ဦးဆောင်သော ကြက်ခြေနီ စေတနာလုပ်အားရှင် (၄) ဦးတို့သည် ကြက်ခြေနီ လူနာတင်ယာဉ် (၂) စီးဖြင့် ကျောက်ထုမြို့တွင် လူနာကလေးငယ် (၃) ဦးအား လွှဲပြောင်းလက်ခံခဲ့ပြီး ပခုက္ကူဆေးရုံသို့ ညနေ (၅) နာရီအချိန်တွင် ဆေးကုသမှုခံယူနိုင်ရန် စနစ်တကျ လွှဲပြောင်းပေးခဲ့သည်။

 
 

 

 

April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...