မင်းတပ်မြို့နယ်မှ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူများအား ပခုက္ကူဆေးရုံသို့ ကြက်ခြေနီ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်

မင်းတပ်မြို့နယ်မှ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူများအား ပခုက္ကူဆေးရုံသို့ ကြက်ခြေနီ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် မကွေးတိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့က ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်များထဲမှ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိသည့် အသက် (၁၂) နှစ်အရွယ် ယောင်္ကျားလေး (၁) ဦး၊ အသက် (၁၀) နှစ်အရွယ် မိန်းကလေး (၁) ဦးနှင့် (၂) ရက်သား မွေးကင်းစအရွယ် ယောင်္ကျားလေး (၁) ဦး၊  စုစုပေါင်း ကလေးငယ် (၃) ဦးတို့အား ကျောက်ထုမြို့မှတစ်ဆင့် ပခုက္ကူဆေးရုံသို့ ပို့ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များ၊ ဒေသခေါင်းဆောင်များနှင့် ညှိနှိုင်းခဲ့ပြီး ဒေသခံများ၏အကူအညီဖြင့် လူနာကလေးငယ်များအား ကျောက်ထုမြို့အထိ ပို့ဆောင်ပေးခဲ့ကြပါသည်။

ထိုမှတဆင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဇင်နိုင်ဦး ဦးဆောင်သော ကြက်ခြေနီ စေတနာလုပ်အားရှင် (၄) ဦးတို့သည် ကြက်ခြေနီ လူနာတင်ယာဉ် (၂) စီးဖြင့် ကျောက်ထုမြို့တွင် လူနာကလေးငယ် (၃) ဦးအား လွှဲပြောင်းလက်ခံခဲ့ပြီး ပခုက္ကူဆေးရုံသို့ ညနေ (၅) နာရီအချိန်တွင် ဆေးကုသမှုခံယူနိုင်ရန် စနစ်တကျ လွှဲပြောင်းပေးခဲ့သည်။

 
 

 

 

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...