ကလေးမြို့တွင် သံသယလူနာ ၃ ဦးအပါအဝင် ကိုဗစ်ရောဂါကြောင့် တစ်ရက်တည်းသေဆုံးသူ ၁၀ ဦးရှိ

ကလေးမြို့တွင် သံသယလူနာ ၃ ဦးအပါအဝင် ကိုဗစ်ရောဂါကြောင့် တစ်ရက်တည်းသေဆုံးသူ ၁၀ ဦးရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဇွန်လ ၁၀ ရက်နေ့တွင် သံသယလူနာ ၃ ဦးအပါအဝင် ကိုဗစ်ကြောင့် တစ်ရက်တည်း သေဆုံးသူ ၁၀ ဦးရှိကြောင်း သိရသည်။

ယနေ့မနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြင့် လူနာ ၈ ဦး သေဆုံးခဲ့ပြီး ညနေပိုင်းတွင် ၂ ဦးထပ်မံသေဆုံးကာ တစ်ရက်တည်းတွင် စုစုပေါင်း ၁၀ ဦးသေဆုံးမှုရှိခဲ့သည်။

လက်ရှိ ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၃၀ ဦးအထိ သေဆုံးမှုရှိသွားပြီဟု ကလေးမြို့၊ Covid Volunteer တစ်ဦးကပြောသည်။

“Positive လူနာက ၇ ယောက်၊ သံသယလူနာက ၃ ယောက်ပေါ့၊ အားလုံး ၁၀ ယောက်၊ အခုဆုံးတဲ့ဟာတွေက မြို့ပေါ်ကလည်းပါတယ်၊ ကျေးရွာတွေဖက်ကလည်းပါတယ်၊ နေရာအနှံ့ကဖြစ်ကြတယ်၊ သံသယလူနာအပါအဝင် ယောက် ၃၀ ပေါ့၊ ဒါပေမယ့် တကယ့် ကွာရန်တင်း စင်တာမှာ ဆုံးသွားတာက အယောက် ၂၀ ပါ” ဟု Covid Volunteer တစ်ဦးကပြောသည်။

ကလေးမြို့တွင် ယနေ့ညနေတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးသူ အယောက် ၅၀ ထဲတွင် ၃၀ ဦးထံတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှင့် သေဆုံးမှုများသောကြောင့် ပြည်သူများအနေဖြင့် မိမိကိုကိုယ် ဂရုစိုက်ရန်၊ အပြင်မထွက်ရန်၊ စနစ်တကျ Mask တပ်ရန်၊ လက်ဆေးရန်နှင့် မိမိကိုယ်ကို ကိုဗစ်ပိုးရှိမည်ဟု သံသယရှိပါက အိတ်စွပ်ကွာရန်တင်းစင်တာတွင် မနက် ၉ နာရီကနေ မွန်းလွဲ ၁၂ နာရီအထိ အခမဲ့စစ်ဆေးပေးနေသည်ဟုလည်း သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...