ကလေးမြို့တွင် သံသယလူနာ ၃ ဦးအပါအဝင် ကိုဗစ်ရောဂါကြောင့် တစ်ရက်တည်းသေဆုံးသူ ၁၀ ဦးရှိ

ကလေးမြို့တွင် သံသယလူနာ ၃ ဦးအပါအဝင် ကိုဗစ်ရောဂါကြောင့် တစ်ရက်တည်းသေဆုံးသူ ၁၀ ဦးရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဇွန်လ ၁၀ ရက်နေ့တွင် သံသယလူနာ ၃ ဦးအပါအဝင် ကိုဗစ်ကြောင့် တစ်ရက်တည်း သေဆုံးသူ ၁၀ ဦးရှိကြောင်း သိရသည်။

ယနေ့မနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြင့် လူနာ ၈ ဦး သေဆုံးခဲ့ပြီး ညနေပိုင်းတွင် ၂ ဦးထပ်မံသေဆုံးကာ တစ်ရက်တည်းတွင် စုစုပေါင်း ၁၀ ဦးသေဆုံးမှုရှိခဲ့သည်။

လက်ရှိ ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၃၀ ဦးအထိ သေဆုံးမှုရှိသွားပြီဟု ကလေးမြို့၊ Covid Volunteer တစ်ဦးကပြောသည်။

“Positive လူနာက ၇ ယောက်၊ သံသယလူနာက ၃ ယောက်ပေါ့၊ အားလုံး ၁၀ ယောက်၊ အခုဆုံးတဲ့ဟာတွေက မြို့ပေါ်ကလည်းပါတယ်၊ ကျေးရွာတွေဖက်ကလည်းပါတယ်၊ နေရာအနှံ့ကဖြစ်ကြတယ်၊ သံသယလူနာအပါအဝင် ယောက် ၃၀ ပေါ့၊ ဒါပေမယ့် တကယ့် ကွာရန်တင်း စင်တာမှာ ဆုံးသွားတာက အယောက် ၂၀ ပါ” ဟု Covid Volunteer တစ်ဦးကပြောသည်။

ကလေးမြို့တွင် ယနေ့ညနေတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးသူ အယောက် ၅၀ ထဲတွင် ၃၀ ဦးထံတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှင့် သေဆုံးမှုများသောကြောင့် ပြည်သူများအနေဖြင့် မိမိကိုကိုယ် ဂရုစိုက်ရန်၊ အပြင်မထွက်ရန်၊ စနစ်တကျ Mask တပ်ရန်၊ လက်ဆေးရန်နှင့် မိမိကိုယ်ကို ကိုဗစ်ပိုးရှိမည်ဟု သံသယရှိပါက အိတ်စွပ်ကွာရန်တင်းစင်တာတွင် မနက် ၉ နာရီကနေ မွန်းလွဲ ၁၂ နာရီအထိ အခမဲ့စစ်ဆေးပေးနေသည်ဟုလည်း သိရသည်။

 
 

 

 

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...