ကွတ်ခိုင်-သိန္နီ လမ်းမကြီးပေါ်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်

ကွတ်ခိုင်-သိန္နီ လမ်းမကြီးပေါ်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်-သိန္နီ လမ်းမပေါ် သိန္နီမြို့အဝင် ယနေ့ (ဇွန် ၁၀) ရက် မနက် ၉ နာရီကျော်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တဖက်သတ်ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီမှ ယနေ့ မနက် (၉) နာရီကျော်မှ (၁၀)နာရီခွဲကျော်ထိ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် တဖက်သတ်ပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်သည့်အချိန် ကားလမ်းယာယီပိတ်ထားကြောင်း ကွတ်ခိုင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တစ်ဖက်အသံပဲကြားရတယ်။ သူတို့လမ်းပေါ်နေပြီး မှန်းပြီးပစ်နေတာ။ ဘယ်သူ့ကို ထိချင်ထိ အဲ့လိုပစ်သွားတာ။ သူများ သူတို့ကို ချောင်းပစ်တယ်လို့ပြောတယ်။ ကားလမ်းတော့ ခဏပိတ်လိုက်ရတယ်” ဟု ကွက်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ယနေ့ရမ်းသတ်ပစ်ခတ်သည့်တပ်သည် စစ်ကောင်စီ၏ တပ်မ (၉၉) ဖြစ်ကြောင်း၊ ပစ်ခတ်သည့်အချိန်တွင် ကားလမ်းများ အတက်အဆင်းများ ပိတ်ထားကြောင်း သိရသည်။

“လမ်းတွေလည်း ပိတ်ထားတယ်။ သူတို့ပစ်ပစ်ပြီး ကားလမ်းတွေ ပြန်ဖွင့်ပေးတယ်။ သူတို့ပစ်တဲ့ အနီးနားရွာတွေကတော့ စိုးရိမ်ကြတယ်။ သူတို့က ရမ်းသမ်းပစ်တော့ ပြည်သူတွေကို ထိမှာကို ဂရုမစိုက်ဘူး” ဟု ၎င်းကဆိုသည်။

ကွက်ခိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် မကြာခဏတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်များသည် ကိုးကန့် (MNDAA)၊ တအာင်း (ပလောင်) TNLA နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ လှုပ်ရှားသည့်နယ်မြေဖြစ်သည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...