တာချီလိတ် KTV နှင့် နိုက်ကလပ်ဆိုင်များ စစ်ကောင်စီနှင့်ညှိပြီး ပြန်ဖွင့်

တာချီလိတ် KTV နှင့် နိုက်ကလပ်ဆိုင်များ စစ်ကောင်စီနှင့်ညှိပြီး ပြန်ဖွင့်

စစ်အာဏာသိမ်းပြီး (၄) လကျော်ကာလအတွင်း သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ဖျော်ဖြေရေးနေရာများဖြစ်သည့် ကာရာအိုကေ (KTV) ဆိုင်များနှင့် နိုက်ကလပ်များ ပြန်ဖွင့်လာကြောင်း စုံစမ်းသိရှိရသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံး ညမထွက်ရအမိန့် ထုတ်ပြန်ထားနေသော်လည်း တာချီလိတ်မြို့ရှိ ကာရာအိုကေဆိုင်များကို စစ်ကောင်စီမှ ဖွင့်လှစ်ခွင့်ပေးထားသည်ဟု စုံစမ်းသိရှိရသည်။

“အခု တာချီလိတ်မှာဖွင့်နေတဲ့ နိုက်ကလပ်တွေ၊ KTV တွေက စစ်ကောင်စီနဲ့ညှိပြီး ဖွင့်ထားတယ်။ တစ်ချို့ဆိုင်တွေက ဘတ်ငွေ သိန်းဂဏန်းထိ ပေးရတယ်လို့ကြားတယ်” ဟု တာချီလိတ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ တာချီလိတ်မြို့အတွင်း ဖွင့်ထားသည့် ဖျော်ဖြေရေးနေရာများတွင် စစ်ကောင်စီအုပ်စုမှထုတ်သည့် ထွက်ကုန်များကို အဓိကထားပြီး ရောင်းချနေကြောင်းလည်း သတင်းရရှိသည်။

“နိုက်ကလပ်တွေ KTV ဆိုင်တွေက မြန်မာစည်ဘီယာတွေပဲ ချရောင်းတာတွေ့ရတယ်” ဟု Night Club ဝင်သည့် လူငယ်တစ်ဦးက ပြောသည်။

တာချီလိတ်အတွင်း နိုက်ကလပ်များ ပြန်လည်ဖွင့်လှစ်နေပြီး ရွှေမြေသာယာဈေးအနီးရှိ ကြီးမြတ်သောရွှေမြင်း (King Horse Fly Pub 6888) ကလပ်၏ ဧရိယာအတွင်း မေ (၂၅) ရက်နှင့် ဇွန် (၆) ရက်တွင်  ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီမှ မေလ ၁ ရက်မှစတင်ပြီး ပြည်သူများနေ့စဉ် စားသောက်နေသည့် အခြေခံစားသောက်ကုန် ထိုင်းကုန်ပစည်း (၅) မျိုးကို မြန်မာပြည်သို့တင်သွင်းရန် ပိတ်ပင်ခဲ့သည်။

ထို စားသောက်ကုန်ပစ္စည်းများ ပိတ်ပင်ပြီးနောက် နယ်စပ်ရှိ ကုန်စုံရောင်းသည့်ဆိုင်များကို စစ်ကောင်စီလက်အောက်မှထုတ်သည့် ကုန်ပစ္စည်းများကို ရောင်းချရန် လာရောက်ကြေညာခဲ့ကြောင်း တာချီလိတ်မြို့ ကုန်စုံဆိုင်ရှင်များထံ သိရသည်။

“အခုဆိုရင် ထိုင်းပစ္စည်းတွေ ဘီယာတွေ အရက်တွေ အခြေခံစားသောက်ကုန်ပစ္စည်းတွေ ပိတ်ခဲ့တယ်။ အခုဆိုရင် KTV တွေ နိုက်ကလပ်တွေဆိုရင် စစ်တပ်ထုတ်ကုန်တွေပဲလေ။ ဒါသူတို့ တမြင်လုပ်တာပဲ” ဟု ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။

ထိုင်းထုတ်ကုန်ပစ္စည်းများ မကြာခင် ပြတ်လပ်တော့မည်ဖြစ်ကြောင်းလည်း မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ ကုန်သည်များထံမှ သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...