ဟိုပုံးမြို့တွင် လူငယ် ၇ ဦးကို စစ်ကောင်စီမှ အကြောင်းမဲ့ဖမ်းဆီး

ဟိုပုံးမြို့တွင် လူငယ် ၇ ဦးကို စစ်ကောင်စီမှ အကြောင်းမဲ့ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ဇွန် ၄ ရက် ညသန်းခေါင်ယံအချိန်တွင် အာဏာသိမ်းစစ်ကောင်စီမှ လူငယ် (၇) ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ဇွန် ၄ ရက်နေ့က ဟိုပုံးမြို့၊ အနောက်မြို့ပတ်လမ်း၊ မြိုဦးရပ်ကွက်တွင်နေထိုင်သည့် လူငယ် ၅ ဦးသည် ၎င်းတို့၏အိမ်ရှေ့၌ထိုင်နေစဉ် စစ်ကောင်စီမှရောက်လာကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ အခြားလူငယ် ၂ ဦးမှာ ၎င်းတို့ဆိုင်ကယ်ဖြင့်သွားလာနေစဉ် ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“သူတို့ ၅ ယောက်က အိမ်ရှေ့က အုတ်ခုံပေါ်မှာထိုင်ပြီး ဝိုင်းဖွဲ့နေတာ။ စစ်သားကင်းလှည့်နေချိန်နဲ့တွေ့တော့ အိမ်ထဲဝင်သွားတယ်။ သူတို့အိမ်ထဲထိ လိုက်ဖမ်းတာ။ အင်အားအရမ်းများတယ်” ဟု ဟိုးပုံမြို့ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ၎င်းတို့ ၅ ဦးကို ဖမ်းဆီးနေချိန်တွင် ဆိုင်ကယ်တစ်စီးဖြင့်သွားလာနေသည့် အရပ်သား (၂) ဦးကိုလည်း ဆိုင်ကယ်ရပ်တန့်ခိုင်းကာ တခါတည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“လူငယ် (၅) ဦးကို ဖမ်းဆီးပြီးတဲ့ချိန်မှာ လူ (၂) ယောက်နဲ့ ဆိုင်ကယ်တစ်စီးဖြတ်လာတယ်။ သူတို့ရပ်ခိုင်းတာ၊ မရပ်ရင်ပစ်မယ်လိုဆိုပြီးအော်ပြောတော့ ဟိုကလည်းရပ်ပေးပြီး ဖမ်းသွားတယ်။ ဆိုင်ကယ်လည်းသိမ်းသွားတယ်။ ဖုန်းတွေကောပါတယ်” ဟု ၎င်းကဆိုသည်။

ထိုဖမ်းဆီးခံရသူ ၇ ဦးကို ဟိုပုံးမြို့ရဲစခန်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယနေ့မနက် မိသားစုများလိုက်ပါသွားရာတွင် တွေ့ဆုံခွင့်မပေးကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ဟိုပုံးမြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားသူ စုစုပေါင်း (၁၃) ဦးရှိကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...