မင်းတပ်မြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီမှ ပြည်သူ ၇ ဦးအား လူသားဒိုင်းပြုလုပ်၍ တိုက်ခိုက်

မင်းတပ်မြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီမှ ပြည်သူ ၇ ဦးအား လူသားဒိုင်းပြုလုပ်၍ တိုက်ခိုက်

ချင်းတောင်နှင့် ယောနယ်စပ်ကြား မင်းတပ်မြို့နယ်ရှိ မယ်လယ်ကုန်းရွာ၌ နှစ်ဘက်တိုက်ပွဲဖြစ်ရာ ယနေ့ဇွန်လ ၅ ရက်နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူခုနှစ်ဦးအား လူသားဒိုင်းပြုလုပ်၍ ချီတက်တိုက်ခိုက်လာကြောင်း မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) ရဲ့ သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

"မနေ့ နေ့ခင်းက မယ်လယ်ကုန်းရွာမှာ တိုက်ပွဲစဖြစ်တယ်။ အကြောင်းရင်းကတော့ မယ်လယ်ကုန်းကနေ ရွှေအောင်သာကိုသွားမယ့် စစ်ကူတွေကို CDF မင်းတပ်က ကင်းပုန်း၀င်တိုက်တာ။ ကံကဆိုးချင်တော့တိုက်ပွဲဖြစ်မှ မိုးရွာလေပြင်းတိုက်လို့ တူမီးပစ်လို့မရတဲ့အခက်အခဲဖြစ်ခဲ့တယ်။ ဒီနေ့မနက်လဲ တိုက်ပွဲတွေဖြစ်တယ်။ အဲ့ဒါအပြင် မယ်လယ်ကုန်းအနီးတ၀ိုက်ရွာက ရွာသား ၇ ယောက်ဖမ်းပြီး လူသားဒိုင်းလုပ်ပြီးတက်လာတယ်" ဟု ၎င်းကပြောသည်။

အဆိုပါ မယ်လယ်ကုန်းရွာတိုက်ပွဲအစမှာ အကြမ်းဖက်စစ်ကောင်စီမှ ဇွန်လ ၃ ရက်နေ့က တိုက်ပွဲစဖြစ်သည့် ထီးလင်း-ကျောက်ထုကြားရှိ ရွှေအောင်သာရွာသို့ ယမန်နေ့ ဇွန်လ ၄ ရက်တွင် မယ်လယ်ကုန်းမှ စစ်အင်အား ၈၀ ဦး၀န်းကျင် စစ်ကူချီတက်လာသောကြောင့် CDF-Mindat မှပျောက်ကြားတိုက်ခိုက်ခဲ့ရာမှာ ရာသီဥတုအခြေအနေကြောင့် တူမီးလက်နက်အသုံးပြု၍မရသောကြောင့် အနီးကပ်တိုက်ခိုက်မှုများရှိခဲ့ပါသည်။

အဆိုပါတိုက်ပွဲမှာ မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat မှ ၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

အာဏာလုစစ်ကောင်စီဘက်မှ လက်နက်ကြီး RPG များဖြင့် ပစ်ခတ်နေတာကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့လဲ သိရပါတယ်။

မေလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာလဲ အကြမ်းဖက်စစ်ကောင်စီဘက်က ဓာတုလက်နက်တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း သံသယဖြစ်ဖွယ်ရှိနေတယ်လို့ CDF-Mindat က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...