ကလေးမြ်ို့တွင် ကိုဗစ်ရောဂါကြောင့် တစ်ရက်တည်း လူ ၅ ဦးသေဆုံး

ကလေးမြ်ို့တွင် ကိုဗစ်ရောဂါကြောင့် တစ်ရက်တည်း လူ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ယနေ့ဇွန်လ ၄ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်ရောဂါကြောင့် လူ ၅ ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကိုဗစ်ရောဂါကြောင့် ယနေ့မနက်ပိုင်းတွင် ၃ ဦးသေဆုံးကာ ညနေပိုင်းတွင် ၂ ဦး စုစုပေါင်း ၅ ဦး တစ်ရက်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများထဲတွင် ရက်သားအရွယ် ကလေးငယ်တစ်ဦးပါဝင်ကာ ကျန် ၄ ဦးမှာ သက်ကြီးပိုင်း အမျိူးသား ၂ ဦးနှင့် အမျိူးသမီး ၂ ဦးတို့ဖြစ်ကြပြီး ကလေးမြို့ တောင်ဖီလာရပ်ကွက်၊ အောင်မြေမာန်ရပ်ကွက်၊ နတ်ချောင်းရွာ၊ တင်သားရွာနှင့် ခုန်တိုးမြို့သာရွာတွင် နေထိုင်သူများဖြစ်ကြကြောင်း သိရသည်။

ကလေးမြို့သည် Stay at Home ကြေညာခံထားရသည့်မြို့ဖြစ်ပြီး ယနေ့တွင်လည်း လူ ၇၅ ယောက် စစ်ဆေးရာတွင် ၂၅ ယောက်ထံ ကိုဗစ်ပိုးတွေ့ရှိသည်ဟု သိရသည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...