ကလေးမြ်ို့တွင် ကိုဗစ်ရောဂါကြောင့် တစ်ရက်တည်း လူ ၅ ဦးသေဆုံး

ကလေးမြ်ို့တွင် ကိုဗစ်ရောဂါကြောင့် တစ်ရက်တည်း လူ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ယနေ့ဇွန်လ ၄ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်ရောဂါကြောင့် လူ ၅ ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကိုဗစ်ရောဂါကြောင့် ယနေ့မနက်ပိုင်းတွင် ၃ ဦးသေဆုံးကာ ညနေပိုင်းတွင် ၂ ဦး စုစုပေါင်း ၅ ဦး တစ်ရက်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများထဲတွင် ရက်သားအရွယ် ကလေးငယ်တစ်ဦးပါဝင်ကာ ကျန် ၄ ဦးမှာ သက်ကြီးပိုင်း အမျိူးသား ၂ ဦးနှင့် အမျိူးသမီး ၂ ဦးတို့ဖြစ်ကြပြီး ကလေးမြို့ တောင်ဖီလာရပ်ကွက်၊ အောင်မြေမာန်ရပ်ကွက်၊ နတ်ချောင်းရွာ၊ တင်သားရွာနှင့် ခုန်တိုးမြို့သာရွာတွင် နေထိုင်သူများဖြစ်ကြကြောင်း သိရသည်။

ကလေးမြို့သည် Stay at Home ကြေညာခံထားရသည့်မြို့ဖြစ်ပြီး ယနေ့တွင်လည်း လူ ၇၅ ယောက် စစ်ဆေးရာတွင် ၂၅ ယောက်ထံ ကိုဗစ်ပိုးတွေ့ရှိသည်ဟု သိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...