မိုးနဲ့မြို့ ကုန်တင်ကားနှစ်စီး ဓားပြတိုက်ခံရ

မိုးနဲ့မြို့ ကုန်တင်ကားနှစ်စီး ဓားပြတိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း တစ်ရက်တည်း ကုန်တင်ကားကြီးနှစ်စီး ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်တွင် သျှမ်းပြည်တောင်ပိုင်း မိုးနဲ-နမ့်စန် ပြည်ထောင်စုလမ်းမကြီးပေါ် မောင်းနှင်လာသည့်ကားတစ်စီးနှင့် မိုးနဲ-ကျိုင်းတောင်း ကားလမ်းပေါ် ပြောင်း (ပြောင်းဖူး) တင်လာသည့် ကားတစ်စီး ဓားပြတိုက်ခံရကြောင်း မိုးနဲဒေသခံတစ်ဦးက ပြောသည်။

“နှစ်စီး ဓါးပြတိုက်ခံရတယ်ဆိုတာ အမှန်ပါပဲ၊ ဓားပြတိုက်လာတဲ့လူတွေက ဗမာစကားပြောကြတယ်၊ မျက်လုံးဖော်ရုံသာ မျက်နှာကို အဝတ်မည်းကြီးနဲ့ စည်းထားတယ်၊ ပါလာသမျှ ရွှေငွေပစ္စည်း အကုန်ပေး၊ မပေးရင် အကုန်ပစ်သတ်မယ်လို့ ကားသမားတွေကို ခြိမ်းခြောက်ပြီးတော့ ငွေတွေကို အကုန်ယူသွားတယ်” မိုးနဲဒေသခံတစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။

မိုးနဲ-နမ့်စန်ကြား ဓါးပြတိုက်ခံရသော ပြောင်းဖူးတင်ကားသည် မြန်မာငွေကျပ်သိန်းပေါင်း ၃၀၀ ကျော်ခန့်ပါသွားပြီး၊ မိုးနဲ -ကျိုင်းတောင်းကြား ဓါးပြတိုက်ခံရသော ကုန်တင်ကားက အနည်းဆုံး မြန်မာငွေကျပ် သိန်း ၁၀၀ နီးပါးခန့်ပါသွားကြောင်း သိရသည်။

စစ်ကောင်စီမှ နိုင်ငံတော်သိမ်းယူသည့် (၄) လကာလအတွင်း နိုင်ငံနှင့်အဝှမ်း အကြောင်းရင်းမသိရဘဲနှင့် ဗုံးပေါက်၊ မီးလောင်၊ အသတ်ခံရ၊ အဖမ်းခံရစသည့် မတည်မငြိမ် ဆူပူထကြွမှုများဖြစ်ပေါ်နေသည်။

ထိုနည်းတူ သျှမ်းပြည်အတွင်းမှာလည်း ခိုးမှု လုယက်မှု ဓါးပြတိုက်မှုသာမက လောင်းကစားဝိုင်းများလည်း များပြားလာသောကြောင့် လုံခြုံမှုမရှိသည့်အတွက် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြာင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...