မြို့တွင်းဗုံးပေါက်ကွဲပြီးနောက် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် စစ်ကောင်စီမှ ဒေသခံပြည်သူများအားစစ်ဆေးရန် ခေါ်သွားခံရသူ ယနေ့ဇွန်လ ၂ ရက်နေ့ မနက် ၉:၀၀ နာရီအထိတွင် စုစုပေါင်း ၁၇ ဦးရှိပြီဖြစ်သည်။
မေလ ၂၉ ရက်နေ့ညက ခေါ်သွားခြင်းခံရသော ခူမီးစာပေနှင့်ယဥ်ကျေးမှုကော်မတီဥက္ကဌ ဦးစနီအောင်ကို ယမန်နေ့မေလ ၁ ရက်နေ့ ညနေ ၄ နာရီခန့်က ပြန်လွတ်ပေးခဲ့သော်လည်း နောက်ထပ် ချင်းလူငယ် အိုက်အောင်သီဟကို ယနေ့ မေလ ၂ ရက်နေ့ မနက် ၇ နာရီခန့်က နေအိမ်မှ ဖမ်းခေါ်သွားကြောင်း သိရသည်။
"ဆရာကြီးစနီအောင်တော့ ပြန်လွတ်ပြီ။ နောက်ထပ်လူငယ်တစ်ယောက်ကို ဒီမနက် ၇ နာရီလောက်က ထပ်ခေါ်သွားတယ်" ဟု ဒေသခံအမျိုးသမီးတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ယခုအချိန်အထိ ဖမ်းခေါ်ခံရသူ ၁၇ ဦးအနက် ပြန်လွတ်လာသူ ၇ ဦးရှိပြီဖြစ်၍ ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းခံရသူ ၁၀ ဦးကျန်ရှိနေသေးသည်။
၎င်းအပြစ်မဲ့ အဖမ်းခံရသူများကို အမြန်ဆုံးပြန်လွတ်ပေးစေလိုကြောင်း ဒေသခံ ချင်းအမျိုးသားများက ပြောဆိုနေကြသည်။







