ခူမီးစာပေနှင့်ယဥ်ကျေးမှုကော်မတီဥက္ကဌကို ပြန်လွတ်၊ နောက်ထပ် ချင်းလူငယ်တစ်ဦးကို ထပ်မံဖမ်းခေါ်သွား

ခူမီးစာပေနှင့်ယဥ်ကျေးမှုကော်မတီဥက္ကဌကို ပြန်လွတ်၊ နောက်ထပ် ချင်းလူငယ်တစ်ဦးကို ထပ်မံဖမ်းခေါ်သွား

မြို့တွင်းဗုံးပေါက်ကွဲပြီးနောက် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် စစ်ကောင်စီမှ ဒေသခံပြည်သူများအားစစ်ဆေးရန် ခေါ်သွားခံရသူ ယနေ့ဇွန်လ ၂ ရက်နေ့ မနက် ၉:၀၀ နာရီအထိတွင် စုစုပေါင်း ၁၇ ဦးရှိပြီဖြစ်သည်။

မေလ ၂၉ ရက်နေ့ညက ခေါ်သွားခြင်းခံရသော ခူမီးစာပေနှင့်ယဥ်ကျေးမှုကော်မတီဥက္ကဌ ဦးစနီအောင်ကို ယမန်နေ့မေလ ၁ ရက်နေ့ ညနေ ၄ နာရီခန့်က ပြန်လွတ်ပေးခဲ့သော်လည်း နောက်ထပ် ချင်းလူငယ် အိုက်အောင်သီဟကို ယနေ့ မေလ ၂ ရက်နေ့ မနက် ၇ နာရီခန့်က နေအိမ်မှ ဖမ်းခေါ်သွားကြောင်း သိရသည်။

"ဆရာကြီးစနီအောင်တော့ ပြန်လွတ်ပြီ။ နောက်ထပ်လူငယ်တစ်ယောက်ကို ဒီမနက် ၇ နာရီလောက်က ထပ်ခေါ်သွားတယ်" ဟု ဒေသခံအမျိုးသမီးတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

ယခုအချိန်အထိ ဖမ်းခေါ်ခံရသူ ၁၇ ဦးအနက် ပြန်လွတ်လာသူ ၇ ဦးရှိပြီဖြစ်၍ ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းခံရသူ ၁၀ ဦးကျန်ရှိနေသေးသည်။

၎င်းအပြစ်မဲ့ အဖမ်းခံရသူများကို အမြန်ဆုံးပြန်လွတ်ပေးစေလိုကြောင်း ဒေသခံ ချင်းအမျိုးသားများက ပြောဆိုနေကြသည်။

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...