ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကျောင်းအပ်သူ ၉၅၉ ဦးခန့်ရှိပြီး ဇွန်လ (၁) ရက်နေ့ကစပြီး အခြေခံပညာကျောင်းတချို့ ဖွင့်လှစ်နိုင်ကာ ကျောင်းသူ၊ ကျောင်းသားအချို့ ကျောင်းတက်နေပြီဟုလည်း သိရသည်။
ပလက်ဝမြို့နယ်ပညာရေးမှုးက "ပလက်ဝမြို့နယ်မှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း သုံးသောင်းလောက်ရှိတယ်၊ လက်ရှိ ကျောင်းအပ်တဲ့သူက ၉၅၀၉ ဦးရှိတယ်၊ အဲဒီမှာ တချို့က ကျောင်းတက်နေပြီ" ဟု ပြောသည်။
ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့တွင် ကျောင်းများ စတင်ဖွင့်လှစ်တတ်ရောက်နေပြီဖြစ်ပြီး အချို့ကျောင်းများတွင် ဆရာ/ဆရာမများက ကျောင်းအပ်လက်ခံပြီဟုပြောသော်လည်း ကျောင်းလာအပ်သူမရှိသည့် ကျေးရွာများလည်းရှိကြောင်း သိရသည်။
ပလက်ဝမြို့နယ်ရှိ ကျောင်းဆရာမတစ်ဦးက "ဖွင့်တဲ့ကျောင်းကဖွင့်တယ်၊ ပိတ်တဲ့ကျောင်းကပိတ်တယ်၊ ဖွင့်တဲ့ကျောင်းတွေမှာလည်း ကျောင်းသူ/ကျောင်းသားတွေမရောက်ဘူး၊ ရောက်တဲ့ကျောင်းကလည်း အများကြီးတော့မဟုတ်ဘူး၊ နည်းနည်းပေါ့၊ တကယ်ကျောင်းတွေတက်မယ်ဆိုမှ တက်ကြမယ်ဆိုတဲ့ သဘောတွေလည်းရှိတယ်၊ တချို့မိဘတွေကလည်း စိတ်မချတဲ့သဘောမှာလည်းရှိတယ်၊ အရင်တုန်းက ကျောင်းသားအင်အား ၃၀၀ ရှိတဲ့ကျောင်းတွေဆိုရင် ဒီနှစ်မှာ ၁၀၀ လောက်ဘဲတက်တယ်၊ တကယ့်တကယ် တက်ပြီဆိုမှ တက်မယ်လို့ ပြောသံကြားတယ်၊ လက်ရှိ သုံးပုံမှာတစ်ပုံတော့ ကျောင်းတက်ကြတယ်လို့ ပြောလို့ရတယ်" ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် အထက်တန်း၊ အလယ်တန်း၊ မှုလတန်းကျောင်း စုစုပေါင်း ၃၈၂ ကျောင်းခန့်ရှိသည့် မြို့နယ်လည်းဖြစ်သည်။







