ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉) ဦး မြန်မာသို့လွှဲအပ်ရာ (၇) ဦးတွင် ကိုဗစ်ပိုးတွေ့

ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉) ဦး မြန်မာသို့လွှဲအပ်ရာ (၇) ဦးတွင် ကိုဗစ်ပိုးတွေ့

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်စေ့ပြီး မြန်မာနိုင်ငံသို့ပြန်ပို့သည့် (၁၀၉) ဦးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၇) ဦးရှိကြောင်း စုံစမ်းသိရသည်။

ထိုင်းနိုင်ငံမှ ယနေ့ (ဇွန် ၁) ရက် မနက်ပိုင်းတွင် ပြစ်ဒဏ်စေ့ပြီး မြန်မာနိုင်ငံသို့ပြန်ပို့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၀၉) ဦးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၇) ဦးရှိကြောင်း စုံစမ်းသိရသည်။

ထိုပြစ်ဒဏ်စေ့သူ (၁၀၉) ဦးကို မယ်ဆိုင်မှ အာဏာပိုင်များက တာချီလိတ်မြို့ မြန်မာအာဏာပိုင်ထံ ယနေ့ (ဇွန် ၁) ရက် မနက်ပိုင်းတွင် လွှဲအပ်ရ ပေးခဲ့သည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ့်ကျန်၏ စစ်ဆေးရေးဂိတ်တွင် မေ ၂၂ရက်ထိ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၅၅) ဦး ဖမ်းဆီးခံရပြီး၊ ထိုထဲမှ (၁၀၉) ဦးကို ပြန်လည်ပို့ဆောင်ရာ ကျန်းမာရေးဆေးစစ်ချက်အရ ပိုးတွေ့သူလူနာ (၇) ဦးရှိကြောင်း သိရသည်။

ကျန် မလွှဲအပ်သေးသည့် မြန်မာနိုင်ငံသား (၄၀) ကျော်သည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုကြောင့် စစ်ကောင်စီ၏ ရာဇာသတ်ကြီးပုဒ်မ (၅၀၅-က) ထိခံထားရသူများဖြစ်သည်။

“ထိုင်းဘက်ကို ခိုးဝင်တဲ့သူပါတယ်၊ အလုပ်သမားကဒ် သက်တမ်းကုန်ဆုံးသူပါတယ်။ ထိုင်းနိုင်ငံဉပေဒ ချိုးဖေါက်မှုကြောင့် ပြစ်ဒဏ်ချခံရပြီး ပြစ်ဒဏ်စေ့ လွှတ်မြောက်တဲ့သူတွေပါတယ်။ ဒီမနက် ၉ နာရီ နှစ်နိုင်ငံ လွှဲအပ်ပေးခဲ့ပါတယ်” ဟု အမည်မဖေါ်လိုသည့် အာဏာပိုင်တဦးက ပြောသည်။

ယနေ့ မြန်မာပြည်သို့ ပြန်ပို့ခံရသူများစာရင်းအရ ကျား (၆၇) ဦး၊ မ (၄၂) ဦးတို့ဖြစ်ပြီး ကိုဗစ်ပိုးတွေ့လူနာမှာ ကျား (၆)၊ မ တစ်ယောက်ဖြစ်ကြောင်း သိရသည်။

တိုင်းပြည်အာဏာကို တပ်မတော်မှ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ သိမ်းယူသည့်နောက် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူ၊ မိသားစုဝမ်းရေးအခက်အခဲကြောင့် ထိုင်းဘက် အလုပ်ထွက်ရှာလုပ်ကိုင်သူ တရက်ထက်တရက် ပိုများလာနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီသူ စိုင်းနော်ကပြောသည်။

“အခု ထိုင်းဘက် တရားမဝင်အလုပ်သမားတွေကို ရှင်းလင်းဖို့ စာထပ်ထုတ်ထားတယ်။ နယ်စပ်တကြော ထပ်ဝင်လာတဲ့သူတွေကိုလဲ နေ့စဉ်ဖမ်းဆီးနေတာတွေ့ရတယ်။ ဒီအချိန် အလုပ်သမားကဒ်လည်း လုပ်မပေးသေးဘူးဆိုတော့ သတိထားသွားလာစေချင်တယ်” ဟု စိုင်းနော်ကပြောသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်း - မြန်မာနယ်စပ် တရားဝင်ဂိတ်များအားလုံး ယမန်နှစ် ၂၀၂၀ မတ်လ ၂၃ ရက်မှ စတင်ပိတ်လာခဲ့သည်ဖြစ်ရာ တနှစ်ကျော်ရှိပြီဖြစ်ပါသည်။

ထို့အတူ တရားမဝင် နယ်စပ်ဖြတ်သန်းသွာလာမှုမရှိစေရန် တရားမဝင်ဂိတ်များအားလုံးလည်း အထူးကြပ်မတ်စစ်ဆေးလာခဲ့သော်လည်း ရှည်လားသည့် ထိုင်း - မြန်မာ နယ်စပ်မျဉ်းကြောင့် ထိုင်းနိုင်ငံဘက်နေ့စဉ် ခိုးဝင်မှုရှိနေကြောင်း အမည်မဖေါ်လိုသည့် ထိုင်းအာဏာပိုင်တဦးက ပြောသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...