အေးသာယာတွင် ဗုံးပေါက်ကွဲမှုဖြစ် အရပ်သားတစ်ဦးထိခိုက်

အေးသာယာတွင် ဗုံးပေါက်ကွဲမှုဖြစ် အရပ်သားတစ်ဦးထိခိုက်

သျှမ်းတောင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ယနေ့ (မေ ၂၇) ရက် မနက် (၈) နာရီခွဲဝန်းကျင်၌ ပေါက်ကွဲမှုဖြစ်ပွားပြီး အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ယနေ့ (မေ ၂၇) ရက် မနက်ပိုင်းတွင် အေးသာယာမြို့ရှိ သာသနာ့ဗိမာန် (မြို့လယ်ဓမ္မာရုံ) အနီးတွင်ဖြစ်ပွားခဲ့ပြီး၊ စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသားတစ်ဦး ဗုံးစထိမှန်သွားကြောင်း အေးသာယာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

"မြို့လယ်ဓမ္မာရုံထောင့်က ကွမ်းယာဆိုင်နားမှာ ပေါက်ကွဲမှုကဖြစ်တာဗျ၊ အဲ့အနားမှာရှိနေတဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့တစ်ယောက်ကို ဗုံးစ၊ ခဲစတွေထိပြီး လေးချက်ချုပ်လိုက်ရတယ်။ အခုချိန်ထိ အဲ့ဓမ္မာရုံနား ရဲတွေ စစ်သားတွေ ရှိနေတယ်" လို့ ၎င်းဒေသခံတစ်ဦးက ပြောပါသည်။

ပေါက်ကွဲမှုကြောင့် အေးသာယာမြို့၊ သာသနာ့ဗိမာန် (မြို့လယ်ဓမ္မာရုံ) ရှေ့တွင် စစ်ကောင်စီ၏ ရဲနှင့်စစ်သားများက စောင့်ကြပ်နေကြကြောင်း သိရသည်။

အေးသာယာဓမ္မာရုံရှေ့ လိုင်းကားစောင့်သည့်နေရာ ဓာတ်တိုင်နားတွင် ဗုံးထည့်ထားသည်ဟုယူဆရသော အိတ်အမဲတစ်လုံးထပ်တွေ့ကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...