WHO ၏ နှစ်ပတ်လည်အစည်းအဝေး၌ မြန်မာကို ချန်လှပ်ထားခဲ့

WHO ၏ နှစ်ပတ်လည်အစည်းအဝေး၌ မြန်မာကို ချန်လှပ်ထားခဲ့

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဖွဲ့၀င်များသည် ၎င်းတို့၏ နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာနိုင်ငံကို ချန်လှပ်ထားရန်အတွက် မေလ ၂၆ ရက်တွင် ဆုံးဖြတ်ခဲ့ကြပြီး ယင်းသို့ဆုံးဖြတ်ရခြင်း၏ အကြောင်းရင်းမှာ ဖေဖေါ်၀ါရီ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ တရား၀င်ကိုယ်စားလှယ်အဖြစ် မည်သူ့ကို အသိအမှတ်ပြုမလဲဆိုသည့်အပေါ် ရွေးချယ်ဆုံးဖြတ်ခြင်း မပြုနိုင်သေးသည့်အခြေအနေကြောင့်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ရောက်ရန်အတွက် အမျိုးသားညီညွတ်‌ရေးအစိုးရ‌ရော၊ အာဏာသိမ်းအကြမ်းဖက်အုပ်စုကပါ ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ ပန်ကြားချက်များပေးပို့ခဲ့ကြောင်း သိရသည်။

WHO ၏ အဓိကဆုံးဖြတ်ချက်ချမှတ်သည့် အဖွဲ့၏ ယခုနှစ် စုဝေးတွေ့ဆုံမှုကို မေလ ၂၄ ရက်ကနေစတင်ပြီး ဇွန်လ ၁ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေဆဲကာလအတွင်း အ‌ရေးအကြီးဆုံး အစည်းအဝေးတစ်ခုအဖြစ် ရှုမြင်ခံရသည်။

အနာဂတ်ကာလ ကျန်းမာရေးကပ်ဘေးများ ရှောင်ရှားနိုင်ရန်အလို့ငှာ ကျန်းမာရေးနှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ လုပ်နည်းကိုင်နည်း အလုံးစုံအပြင် ကုလကျန်းမာရေးအေဂျင်စီကို ပြုပြင်မွမ်းမံရန် တောင်းဆိုမှုများလည်း ရှိနေသည်။

နိုင်ငံကိုယ်စားပြုသူဆိုင်ရာ အထောက်အထားများကို အတည်ပြုစစ်ဆေးခြင်းအတွက် တာ၀န်ရှိသည့် WHO ကော်မတီတစ်ခုသည် မြန်မာကိစ္စကို ကုလသမဂ္ဂအဖွဲ့အစည်းတစ်ရပ်လုံးက မည်သို့သဘောထားသင့်သလဲဆိုသည့်အပေါ် ကုလအထွေထွေညီလာခံ၏ လမ်းညွှန်ချက် ထွက်မလာခင်အ‌တောအတွင်း ယခုအရေးကြီးသော အစည်းအဝေးတွင် မြန်မာကို မည်သူက ကိုယ်စားပြုသင့်သလဲဆိုသည့် ဆုံးဖြတ်ချက်ချမှတ်မှုကို နောက်ဆုတ်ရွှေ့ဆိုင်းထားရန် အဆိုပြုထားခဲ့သည်။

လက်ရှိအချိန်တွင် ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ၌ မည်သူကမှ မြန်မာကို ကိုယ်စားပြုတက်ရောက်ရရန် မရှိသည့် အဓိပ္ပါယ်ဖြစ်ကြောင်း အဆိုပြုချက်အရ သိရသည်။

ထိုအဆိုပြုချက်ကို WHO အဖွဲ့၀င်နိုင်ငံများက အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတ၀န်း နေ့တိုင်းနီးပါးဆိုသလို အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့်အတူ CDM လှုပ်ရှားမှုတို့ ဖြစ်ပေါ်နေခဲ့သည်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ရာ အရပ်သား ၈၀၀ ကျော် အသက်ဆုံးရှုံးထားခဲ့ရကြောင်း ပြည်တွင်းစောင့်ကြည့်အဖွဲ့တစ်ခုက ထုတ်ပြန်ထားသည်။

March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...