သီပေါရေဟော်ဘုန်းကြီးကျောင်း စစ်ရှောင် (၄၀၀) ကျော် နေရာပြောင်းရွှေ့နေရ

သီပေါရေဟော်ဘုန်းကြီးကျောင်း စစ်ရှောင် (၄၀၀) ကျော် နေရာပြောင်းရွှေ့နေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ ရေဟော်ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် (၄၀၀) ကျော် နေရာပြောင်းရွှေ့နေရသဖြင့် ရေ၊ မီး အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။

သီပေါမြို့ ရေဟော်ဘုန်းကြီးကျောင်းတွင် မကြာခင်က စာသင်ကျောင်များ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ထိုဘုန်းကြီးကျောင်းတွင် ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင် (၄၂၀) ဦးကို သီပေါမြို့နှင့် ၇ မိုင်ဝေးကွာသည့် သီပေါ-နမ္မတူလမ်းပေါ်ရှိ တုံ့ဆင့်ကျေးရွာအုပ်စုအတွင်း ဘက်စုံသုံး ဘေးသင့်အဆောက်အဦးသို့ ပြောင်ရွှေ့ပေးထားကြောင်း သိရသည်။

“သီပေါနဲ့ ၇ မိုင်လောက်ရှိတယ်။ ဒုကရောက်တယ်။ ရေနဲ့ မီးမရှိတော့။ မီးက ဖယောင်းတိုင်ရှိရင် ဖယောင်းတိုင်ထွန်းတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးသူတစ်ဦးက ပြောသည်။

ထိုစစ်ရှောင်များသည် မေ (၂၃) ရက်က ပြောင်းရွေ့သွားပြီး ထိုပြောင်းရွှေ့သွားသည့် အဆောက်အဦးသည် အသစ်ဖြစ်ပြီး အဆောက်အဦးပြီးစီးရန် အနည်းငယ်လိုအပ်နေသေးကာ ရေ၊ မီး ခက်ခဲမှု ရင်ဆိုင်ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

“စစ်ရှောင်တွေက ရေသွားချိုးရင်တော့ နည်းနည်းအခက်ခဲဖြစ်တယ်။ နည်းနည်းလှမ်းတော့ သောက်သုံးရေတော့ အလှူရှင်တွေလာလှူထားတဲ့ သောက်ရေသန့် နည်းနည်းရှိသေးတယ်” ဟု  စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

ထိုစစ်ဘေးရှောင် (၄၂၀) ကျော်သည် ယခင်တွင် နမ္မတူမြို့နယ် မန်လီကျေးရွာတွင်နေထိုင်သည့် ဒေသခံများဖြစ်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ကြား တိုက်ပွဲကြောင့် သီပေါမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...