စစ်ကောင်စီမှ ကျောင်းလာအပ်ရန် နည်းမျိုးစုံတိုက်တွန်းနေ

စစ်ကောင်စီမှ ကျောင်းလာအပ်ရန် နည်းမျိုးစုံတိုက်တွန်းနေ

သျှမ်းပြည်အတွင်း စစ်ကောင်စီမှ ကျောင်းလာအပ်ရန်အတွက် မိဘများကို နည်းမျိုးစုံတိုက်တွန်းနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ မိဘများကို ကျောင်းစရိတ်ထောက်ပံ့မည်ဖြစ်ကြောင်း၊ ကျောင်းအတွင်း လုံခြုံရေးယူပေးမည်ဖြစ်ကြောင်း နည်းမျိုးစုံဖြင့် ကျောင်းလာအပ်ရန် မြူဆွယ်နေကြောင်း သျှမ်းပြည်သူများက ပြောသည်။

“ရွာက ကလေးတွေ စစ်ကောင်စီက ကျောင်းစရိတ်ထောက်ပံ့ပေးမယ်ပြောပြီး ကျောင်းလာအပ်ခိုင်းတယ်။ ရွာကသူတွေက မြို့ထဲအခြေနေမသိတော့ အဖြူအစိမ်းတွေ စာအုပ်တွေလာဝယ်တာရှိတယ်။ တစ်ချို့ရွာတွေကတော့ ကျောင်းသွားအပ်ကြတယ်” ဟု သီပေါမြို့ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ယနေ့ မေ ၂၅ ရက်မှစတင်ပြီး ကျောင်းအပ်လက်ခံသော်လည်း သျှမ်းပြည်တွင် ကျောင်းသွားအပ်သူနည်းပါးကြောင်း သိရသည်။

အလားတူ သျှမ်းပြည်နယ်တောင်းပိုင်း ပင်လုံမြို့နှင့် သျှမ်းမြောက် နမ္မတူမြို့တွင်လည်း စစ်ကောင်စီမှ ကျောင်းရှေ့တွင်ရေးထားသည့် “စစ်ကျွန်ပညာရေးစနစ်အလိုမရှိ” စာသားများကို ယနေ့မနက်တွင် စစ်ကောင်စီအုပ်စုမှ လိုက်လံဖျက်နေကြောင်း သိရသည်။

“မနေ့ညမှ သွားရေးထားတာ။ ဒီနေ့မနက်တော့ ပြန်လာကြည့်တာ သူတို့ဖျက်လိုက်ပြီး။ ကျောင်းအပ်တဲ့သူတွေ သိပ်မရှိဘူး။ ထ ၂ ကျောင်း စစ်တပ်ကျောင်းကတော့ အပ်တဲ့သူရှိတယ်။ တစ်ချို့ကျောင်းတွေတော့ မအပ်ကြဘူး” ဟု ပင်လုံမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဆက်လက်ပြီး နမ္မတူမြို့ အမှတ် (၂) အထက်တန်းကျောင်းရှေ့တွင် လူငယ်များရေးသားထားသည့် “စစ်ကျွန်ပညာရေးစနစ် အလိုမရှိ” စာသားများကို စစ်ကောင်စီအုပ်စုက လိုက်လံဖျက်ဆီးနေပြီး၊ နမ္မတူ အ.ထ.က (၂) တွင် ကျောင်းသား (၆) ဦးသာ ကျောင်းလာအပ်ကြောင်း သိရသည်။

ကျောင်းအပ်လက်ခံသည့် NON -CDM ဆရာ၊ ဆရာမများသည် ကျောင်းဝတ်စုံမဝတ်ဆင်ရဲကြဘဲ အရပ်ဝတ်ဖြင့်သာဝတ်ဆင်ပြီး ကျောင်းအပ်လက်ခံနေကြသည်။

မေလ ၂၄ မှ ၃၁ ရက်နေ့အထိ ကျောင်းများအပ်နှံကြရန် စစ်ကောင်စီက ကြေညာထားပြီး ဇွန်လတွင် ကျောင်းပြန်ဖွင့်မည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတဝှမ်းလုံးရှိ ပညာရေးဝန်ထမ်းများ စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်နေကြသည်။

CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများကို စစ်ကောင်စီအုပ်စုမှ ဖမ်းဝရမ်းထုတ်ထားပြီး လက်ရှိ ကျောင်းပြန်ဖွင့်ချိန်တွင် စာသင်ပေးမည့် ပညာရေးဝန်ထမ်းများ မရှိသလောက်နည်းပါးနေကြောင်း သိရသည်။

April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...