ထန်တလန်မြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြရန် လူငယ်များကို စကစအရာရှိ တောင်းဆို

ထန်တလန်မြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြရန် လူငယ်များကို စကစအရာရှိ တောင်းဆို

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် လူငယ်များ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြရန် စစ်တပ်မှအရာရှိတစ်ဦးက ညှိနှိုင်းတောင်းဆိုခဲ့ကြောင်း သိရသည်။

 

အဆိုပါမြို့နယ်တွင် မေ ၂၂ ရက်က ပစ်ခတ်ပေါက်ကွဲမှုအချို့ ဖြစ်ပွားခဲ့ပြီးနောက်တစ်ရက် မေ ၂၃ ရက်တွင်ပြုလုပ်ခဲ့သည့် ထန်တလန်နှစ်ချင်းအသင်းတော် ဝတ်ပြုအစည်းအဝေး ပြီးဆုံးချိန်၌ ထန်တလန်မြို့တွင်အခြေစိုက်သည့် တပ်စခန်းတစ်ခုမှ အရာရှိတစ်ဦးက လူငယ်များကို တွေ့ဆုံချင်သည်ဟုဆိုကာ ထန်တလန်မြို့တွင် ငြိမ်းငြိမ်းချမ်းချမ်းသာနေထိုင်ကြရန် ညှိနှိုင်းတောင်းဆိုခဲ့ကြောင်း သိရသည်။ 

 

“အရင်တုန်းကလည်း ကျွန်တော်တို့ကို ပစ်ခဲ့ဖူးတယ်။ မနေ့ကလည်း လာပစ်တာကြောင့် စိတ်ထဲမကောင်းဘူး။ ကျွန်တော်တို့အနေနဲ့က သေနတ်မသုံးဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဘဲ နေချင်တယ်။ မြို့သူမြို့သားတွေအနေနဲ့ အေးအေးဆေးဆေးဘဲ နေကြပါ။ ကားအဝင်/အထွက်ကိုလည်း ခွင့်ပြုပေးမယ်။ ဆန်နှင့် စားသောက်ကုန်တင်တဲ့ကားတွေကိုလည်း မတားဘူး။ ဖမ်းလည်းမဖမ်းဘူး။ ထန်တလန်မြို့ကတော့ အေးအေးချမ်းချမ်းဘဲနေကြရအောင်” ဟု ထန်တလန် စကစစခန်းမှအရာရှိက ပြောဆိုခဲ့ကြောင်း The Chinland Post သတင်းစာဌာမှ ရေးသားထားသည်။

 

ထန်တလန်မြို့တွင် မေ ၂၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က စစ်တပ်စခန်းဘက်တွင် သေနတ်သံ ၁၅ ချက်ခန့်ကြားရပြီး ဗုံးသံ နှစ်ချက်လည်းကြားခဲ့ရကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...