ဗန်းမော်စစ်ရှောင် (၃၀၀၀) ကျော်အတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေ

ဗန်းမော်စစ်ရှောင် (၃၀၀၀) ကျော်အတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေ

ကချင်ပြည်၊ ဗန်းမော်မြို့တွင်ရောက်ရှိနေသည့် သျှမ်းစစ်ရှောင် (၃၀၀၀) ကျော်အတွက် ဆေးဝါးများအခက်အခဲဖြစ်ကာ အရေးပေါ်ဆေးဝါးလိုအပ်နေကြောင်း သတင်းရရှိသည်။

ထိုစစ်ရှောင်များသည် မိုးမောက်မြို့နယ်တွင် ကချင်တပ်မတော် (KIA) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်မှုကြောင့် ဗန်းမော် မြို့နယ်ဘက်သို့ ထွက်ပြေတိမ်းရှောင်လာရပြီး၊ ယခုထိ နေရပ်ကို မပြန်နိုင်သေးကြောင်း စစ်ရှောင်ကူညီပေးနေသူများထံ သိရသည်။

အလားတူ မိုးရာသီဝင်ခါစတွင် စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးများ၊ နေရာထိုင်ခင်းနှင့် အစားအသောက်အခက်အခဲ များစွာရှိနေကြောင်း သိရသည်။

“လိုနေတာကတော့ ဆေးဝါးတွေပါ။ ခုက မိုးရာသီထဲရောက်လာပြီးဆိုတော့ နေရတာလဲ သိပ်အဆင်မပြေဘူး။ သူတို့ ဘုန်းကြီးကျောင်းအောက်မှာပဲ နေတာဆိုတော့ တစ်ချို့က ဖျားနေတယ်လို့လဲပြောတယ်” ဟု ဗန်းမော်စစ်ဘေးရှောင် ကူညီပေးနေသည့် ပြည်သူတစ်ဦးကပြောသည်။

လက်ရှိမှာ စိုက်ပျိုးထားသည့်သီးနှံများ ရိတ်သိမ်းရန်အတွက် သွားလာမှုမခွင့်ပြုကြောင်း၊ သွားရောက်ရိတ်သိမ်းမည်ဆိုပါက သေနတ်ဖြင့် ပစ်သတ်မည်ဟုလည်း စစ်ကောင်စီအုပ်စုက ခြိမ်းခြောက်ခဲ့သည်။

သို့သော် စစ်ရှောင်များအနေဖြင့် ဝင်ငွေမရှိပါက နောင်လာမည့်နှစ်အတွက် အခက်အခဲဖြစ်လာနိုင်သဖြင့် မြေပဲများကို ခိုးပြီးသွားနုတ်ရကြောင်း၊ စစ်ကောင်စီနှင့်တွေ့လျှင်လည်း ပုန်းနေရကြောင်း ၎င်းကပြောသည်။

“ပြည်သူတွေကတော့ နေ့ဆိုရင် သူတို့စိုက်ထားတဲ့ မြေပဲကိုသွားနုတ်တယ်။ ခိုးသွားနေကြရတာပေါ့။ စစ်ဖြစ်ရင်လည်း ပြန်ပြီးခိုးလာကြရတယ်။ အလုပ်ကမရှိတော့ သူတိုတွေ အခက်ခဲဖြစ်လာနိုင်တာပေါ့။။ စစ်ကောင်စီကိုလည်း ကြောက်နေရတယ်” ဟု စစ်ဘေးရှောင်ကူညီပေးနေသည့် အမျိုးသမီးက ဆိုသည်။

လက်ရှိအချိန်ထိ KIA နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မိုးမောက်မြို့နယ်တွင် စစ်ရေးပြင်းထန်းနေလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီမှ ရဟတ်ယာဉ်သုံးကာ လေကြောင်းလိုင်းဖြင့်ပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ်အတွင်း အရပ်သားနေအိမ်များစွာ ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့ပြင် မိုးမောက်မြို့နယ် သျှမ်းလူမျိုးများနေထိုင်သည့်ကျေးရွာ (၅၀) ကျော် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်လာလျက်ရှိကြောင်း သိရသည်။

April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...