ဟုမ္မလင်းမြို့နယ်ရှိ မူလတန်းကျောင်းအုပ်နှင့် အလယ်တန်းပြ ဆရာ/မ ခြောက်ရာကျော် တာဝန်မှ ရပ်ဆိုင်းခံရ

ဟုမ္မလင်းမြို့နယ်ရှိ မူလတန်းကျောင်းအုပ်နှင့် အလယ်တန်းပြ ဆရာ/မ ခြောက်ရာကျော် တာဝန်မှ ရပ်ဆိုင်းခံရ
ဟုမ္မလင်းနွေဦးတော်လှန်ရေး
ဟုမ္မလင်းနွေဦးတော်လှန်ရေး

ဟုမ္မလင်းမြို့နယ်ရှိ မူလတန်းကျောင်းအုပ်များနှင့် အလယ်တန်းပြ ဆရာ/မ ၆၁၈ ဦးကို စစ်ကောင်စီက တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့ကို ခွင့်မဲပျက်ကွက်ခြင်းနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုများကြောင့် တာဝန်မှ မေလ ၈ ရက်နေ့ကတည်းက စစ်ကောင်စီက တာဝန်မှ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် CDM ပြုလုပ်ထားသည့် ဆရာ/မများကို တာဝန်မှ ယာယီရပ်ဆိုင်းခြင်းဖြင့် ဖိအားကာ ၎င်းတို့ လုပ်ငန်းခွင်ပြန်ဝင်လာစေရေးကို ပြုလုပ်နေကြောင်း ဆရာ/မများထံမှ သိရသည်။

တာဝန်မှ ယာယီရပ်ဆိုင်းခံရသူများကို ပညာရေးဌာန (သို့) ကျောင်းအုပ်ဆရာမကြီးများကို သွားရောက်တွေ့ဆုံအကြောင်းပြချက်ပေးရန်အတွက် ဖုန်းမက်ဆေ့များဖြင့် ဆက်သွယ်မှုများပြုလုပ်ကြောင်း ဆရာမများက ပြောဆိုကြသည်။

ဟုမ္မလင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် စာရင်းအရ အခြေခံပညာဦးစီးဌာန၏ ကျောင်းပေါင်း (၃၁၁) ကျောင်းတွင် ဆရာ/မ စုစုပေါင်း ၂၆၁၈ ဦးရှိကြောင်း သိရသည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...