ဟုမ္မလင်းမြို့နယ်ရှိ မူလတန်းကျောင်းအုပ်နှင့် အလယ်တန်းပြ ဆရာ/မ ခြောက်ရာကျော် တာဝန်မှ ရပ်ဆိုင်းခံရ

ဟုမ္မလင်းမြို့နယ်ရှိ မူလတန်းကျောင်းအုပ်နှင့် အလယ်တန်းပြ ဆရာ/မ ခြောက်ရာကျော် တာဝန်မှ ရပ်ဆိုင်းခံရ
ဟုမ္မလင်းနွေဦးတော်လှန်ရေး
ဟုမ္မလင်းနွေဦးတော်လှန်ရေး

ဟုမ္မလင်းမြို့နယ်ရှိ မူလတန်းကျောင်းအုပ်များနှင့် အလယ်တန်းပြ ဆရာ/မ ၆၁၈ ဦးကို စစ်ကောင်စီက တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့ကို ခွင့်မဲပျက်ကွက်ခြင်းနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုများကြောင့် တာဝန်မှ မေလ ၈ ရက်နေ့ကတည်းက စစ်ကောင်စီက တာဝန်မှ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် CDM ပြုလုပ်ထားသည့် ဆရာ/မများကို တာဝန်မှ ယာယီရပ်ဆိုင်းခြင်းဖြင့် ဖိအားကာ ၎င်းတို့ လုပ်ငန်းခွင်ပြန်ဝင်လာစေရေးကို ပြုလုပ်နေကြောင်း ဆရာ/မများထံမှ သိရသည်။

တာဝန်မှ ယာယီရပ်ဆိုင်းခံရသူများကို ပညာရေးဌာန (သို့) ကျောင်းအုပ်ဆရာမကြီးများကို သွားရောက်တွေ့ဆုံအကြောင်းပြချက်ပေးရန်အတွက် ဖုန်းမက်ဆေ့များဖြင့် ဆက်သွယ်မှုများပြုလုပ်ကြောင်း ဆရာမများက ပြောဆိုကြသည်။

ဟုမ္မလင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ် စာရင်းအရ အခြေခံပညာဦးစီးဌာန၏ ကျောင်းပေါင်း (၃၁၁) ကျောင်းတွင် ဆရာ/မ စုစုပေါင်း ၂၆၁၈ ဦးရှိကြောင်း သိရသည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...