စစ်ကောင်စီ၏ ရွေးကော်နှင့် နိုင်ငံ‌ရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံပွဲ ကျားနီပါတီမတက်

စစ်ကောင်စီ၏ ရွေးကော်နှင့် နိုင်ငံ‌ရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံပွဲ ကျားနီပါတီမတက်
ယနေ့ပြုလုပ်သည့် စစ်ကောင်စီ၏ ရွေးကော် နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ
ယနေ့ပြုလုပ်သည့် စစ်ကောင်စီ၏ ရွေးကော် နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ

နေပြည်တော်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံပွဲတွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ - TNDP (ကျားနီပါတီ) မတက်ရောက်ကြောင်း သိရသည်။

“ဗဟိုကော်မတီမှာ မဲခွဲတာတက်မယ့်သူက (၈)‌ ယောက်၊ မတက်မယ့်သူက (၈) ‌ယောက်၊ နောက်ဆုံးကျတော့ ကျွန်တော်ပဲ ဆုံးဖြတ်ပေးလိုက်ရတော့တယ်။ 17 ယောက်ရှိတယ်ဆိုတော့။ နောက်ဆုံးကျတော့ ကျွန်တော် မတက်တော့တဲ့ဘက်ကို၊ ဒီတစ်ပတ်ကတော့ မတက်တော့ဘူးဆိုပြီးမှပေါ့” ဟု ကျားနီပါတီ၏ဥက္ကဌ ဦးစိုင်းဌေးအောင်ကဆိုသည်။

ကျားနီပါတီသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ပထမအကြိမ်တွေ့ဆုံပွဲတွင် တက်ရောက်ခဲ့မှုများကြောင့် ရှမ်းနီလူထုများကြား ဝေဖန်ခံခဲ့ရသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီအပြင် ဥရုချင်းတွင်းရိုးရှိ ရှမ်းနီတိုင်းရင်းသားများ အများဆုံးပါဝင်သည့် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီလည်း တက်ရောက်ခဲ့သည်။

ထိုတွေ့ဆုံမှု ပထမအကြိမ်တွင် ရှမ်းနီပါတီများ၏ ဥက္ကဌများက တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ယခု ဒုတိယအကြိမ်တွင် ရှမ်းနီပါတီတစ်ခုဖြစ်သည့် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီကသာ တက်ရောက်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံပွဲတွင် ပါတီ (၆၂) ပါတီ တက်ရောက်ခဲ့သည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...