UEC ရွေးကော်အသစ်နှင့် တွေ့ဆုံပွဲ ANP မတက်ဖို့ဆုံးဖြတ်

UEC ရွေးကော်အသစ်နှင့် တွေ့ဆုံပွဲ ANP မတက်ဖို့ဆုံးဖြတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က အသစ်ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများကြား ယခုလ ၂၁ ရက်နေ့ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားပါတီ (ANP) က တက်ရောက်မည်မဟုတ်ဟု သတင်းရရှိသည်။

ANP ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) က လက်ရှိ နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင် ထိုသို့မတက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာကော်မတီဝင်တစ်ဦးဖြစ်သူ  ဦးထွန်းအောင်ကျော်က ပြောသည်။

“အကြောင်းကတော့ ကိုယ့်ပါတီတွင်းမှာ မအားမလပ်တဲ့ ကိစ္စရပ်တွေလည်းပါတယ်။ နောက်ပြီး စစ်တွေကနေ ရန်ကုန်၊ အဲဒီကနေ နေပြည်တော် ခရီးလမ်းတွေမှာလည်း လက်ရှိအခြေအနေတွေက လမ်းပန်းဆက်သွယ်ရေးတွေရဲ့ လုံခြုံရေးအခြေအနေတွေ၊ လောလောဆယ် ပေါက်ကွဲမှုတွေနဲ့ အစစအရာရာ တွက်ချက်ပြီးတော့ ဒီတစ်ကြိမ် မတက်တော့ဘူးလို့ ပါတီ CEC က ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်” ဟု ပြောပြသည်။

သို့သော် ရခိုင့်ဦးဆောင်ပါတီ (AFP) အနေဖြင့် UEC နှင့် တွေ့ဆုံပွဲအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လွန်ခဲ့သည့်အပတ်က နိရဉ္စရာသတင်းဌာနကို ပြောထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဖိတ်စာရောက်/မရောက်ကို မသိရသေးကြောင်း ပါတီဥက္ကဌ ဦးကျော်မြင့်က ပြောဆိုထားသည်။

နိုင်ငံရေးအပါတီများနှင့် ရွေးကောက်ပွဲကော်မရှင်သစ် (UEC) နှင့် တွေ့ဆုံပွဲကို တရားဝင်မှတ်ပုံထားသော နိုင်ငံရေးပါတီ (၉၃) ပါတီရှိသည့်အနက် ပါတီနှစ်ခုက ယာယီရပ်ဆိုင်းထားသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် (၉၁) ပါတီလုံးကို ဖိတ်ကြားထားကြောင်း ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ UEC ပြောခွင့်ရ ဦးခင်မောင်ဦးက ပြောထားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...