DKBA စောဆန်းအောင်အဖွဲ့ KNU နှင့်ပြန်ပူးပေါင်းမှု သတင်းမှားသာဖြစ်

DKBA စောဆန်းအောင်အဖွဲ့ KNU နှင့်ပြန်ပူးပေါင်းမှု သတင်းမှားသာဖြစ်
Photo: ၂၀၂၀ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် စောဆန်းအောင်အပါအဝင် တပ်ဖွဲ့ဝင် (၁၃) ဦးဖြင့် စစ်တပ်ထံသို့ လက်နက်ချ အလင်းဝင်သွားခဲ့ပုံ
Photo: ၂၀၂၀ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် စောဆန်းအောင်အပါအဝင် တပ်ဖွဲ့ဝင် (၁၃) ဦးဖြင့် စစ်တပ်ထံသို့ လက်နက်ချ အလင်းဝင်သွားခဲ့ပုံ

လတ်တလော လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့နေသည့် DKBA မှ ဗိုလ်မှူးကြီးစောဆန်းအောင်၊ အရာရှိလေးဦးနှင့် အင်အားနှစ်ထောင်ကျော် KNU - ကရင်အမျိုးသားအစည်းအရုံးနှင့် ပြန်ပူးပေါင်းသွားသည့် သတင်းထွက်ရှိမှုမှာ သတင်းအမှားသာဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗိုလ်မှူးကြီးစောဆန်းအောင်သည် ယခင်က ခွဲထွက် DKBA အနေဖြင့် စစ်တပ်နှင့် လပေါင်းများစွာ တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ၎င်းအပါအဝင် တပ်ဖွဲ့ဝင် (၁၃) ဦးဖြင့် စစ်တပ်ထံသို့ လက်နက်ချ အလင်းဝင်သွားခဲ့ပြီးဖြစ်သည်။

လက်နက်ငယ် ၁၇ လက်အပါအဝင် ၆၀ မမ စိန်ပြောင်း၊ ဗုံးနှင့် ခဲယမ်းပစ္စည်းများဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံသို့ မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်ကျေးရွာ နေရာတစ်နေရာတွင် လက်နက်ချအလင်းဝင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စောဆန်းအောင်သည် (ခွဲထွက်) DKBA တွင်သော်လည်းကောင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် - DKBA အဖွဲ့အနေဖြင့်သော်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦး မဟုတ်တော့သလို အင်အားနှစ်ထောင်ကျော်ဖြင့် KNU ထဲသို့ ပူးပေါင်းသွားကြောင်းကိုလည်း KNU ဘက်မှ တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်ထားခြင်းမရှိကြောင်း တွေ့ရသည်။

ထို့အတူ ကေအဲန်ယူတပ်မဟာ ၆ မှ တပ်မှူးတစ်ဦးကလည်း ၎င်းသတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်၍ သတင်းမှားသာဖြစ်သည်ဟု ကေအိုင်စီသို့ ပြောဆိုသည်။

April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...