မိုးမောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ‌လက်နက်ကြီးကျပြီး (၄) ဦးဒဏ်ရာရ

မိုးမောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ‌လက်နက်ကြီးကျပြီး (၄) ဦးဒဏ်ရာရ

မိုးမောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အစည်းအဝေးနှင့် မြို့နယ်မှူးနှုတ်ဆက်ပွဲအပြီးတွင် လက်နက်ကြီးကျပြီး ခန်းမအတွင်းကျန်ရစ်နေသူ (၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အစည်းအဝေးပြီးသည့် နံနက် ၁၁ နာရီခွဲအချိန် အစည်းအဝေးတက်ရောက်သူများ အပြင်သို့ထွက်ပြီးသည့်အချိန်တွင် လက်နက်ကြီးကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထို ထိခိုက်ဒဏ်ရာရာသူများသည် မင်းကျမ်း၊ ခုံဆင့်၊ မံပုံ ရွာစာရေးနှင့် မြို့နယ်ထွေအုပ်ရုံးမှ စာရေးတို့ဖြစ်ကြောင်း သိရသည်။

ဗန်းမော်ခရိုင်အတွင်းတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျှက်ရှိနေပြီး မြို့နယ်များတွင်လည်း ဗုံးကွဲမှုများ မကြာခဏဖြစ်ပေါ်နေသည်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...