မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာ တာဝါတိုင်ကုန်းအနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေ

မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာ တာဝါတိုင်ကုန်းအနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေ

ယနေ့နံနက်ပိုင်း (၆) နာရီကတည်းကစပြီး (၁ဝ) နာရီအချိန်အထိ စစ်ကောင်စီတပ်များက တာဝါတိုင်ကုန်းဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“မနက်ကတည်းကစပြီး လက်နက်ကြီးနဲ့ပစ်နေတာ အချက်တစ်ရာကျော်နေပြီ ရိုးရိုး RPG အသံတော့မဟုတ်ဘူး၊ တစ်ခါတစ်ခါ မြေကြီးပါတုန်သွားတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

လက်နက်ကြီးများဖြင့် မည်သည့်နေရာမှပစ်ခတ်နေသည်ကို အတိအကျမတွေ့ရသော်လည်း ပေါက်ကွဲသွားသည့် အသံများနှင့် အသံလာရာနေရာများကို တွေ့မြင်ကြားသိရကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီ၏ တပ်မ ၇၇ နှင့် တပ်မ ၈၈ တို့ အင်အားဖြည့်ထားပြီး မြေပြင်အပါအဝင် ဝေဟင်တိုက်ခိုက်ရေးလေယာဉ်အမျိုးမျိုးဖြင့် တိုက်ခိုက်လျှက်ရှိနေသည်။

ထို မြို့သစ်၊ စီဟက်၊ ကုန်းလော စသည့်ကျေးရွာများတွင် ဧပြီလ ၁၁ ရက်နေ့ကတည်းကစပြီး တိုက်ပွဲပြင်းထန်နေသည်မှာ ယနေ့အချိန်ထိပင်ဖြစ်သည်။

ထိုတိုက်ပွဲများကြောင့် ရှမ်းစစ်ဘေးရှောင်အိမ်ထောင်စု အနည်းဆုံး ငါထောင်ကျော်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...