နိုင်ငံတော်ကောင်စီမှ ဖွင့်လှစ်သည့်ကျောင်းကို မတက်ရောက်ရန် ရက္ခိုင်ကျောင်သားများသမဂ္ဂ-ရန်ကုန် တိုက်တွန်း

နိုင်ငံတော်ကောင်စီမှ ဖွင့်လှစ်သည့်ကျောင်းကို မတက်ရောက်ရန် ရက္ခိုင်ကျောင်သားများသမဂ္ဂ-ရန်ကုန် တိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပညာသင်ကြားနေကြသည့် ကျောင်းသားများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှဖွင့်လှစ်သည့် တက္ကသိုလ်၊ ကျောင်းများတွင် တက်ရောက်ခြင်းမပြုရန် ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) မှ မနေ့က မေလ (၄) ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။

လက်ရှိအချိန်သည် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံ့နေရာအနှံ့အပြားတွင် အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းမှုကို ဆန်ကျင်သည့် နွေဦးတော်လှန်ရေး လူထုအရေးတော်ပုံ ဖြစ်ပွားနေသောကာလဖြစ်သည်။

သို့ဖြစ်ပါ၍ မိမိတို့ ရက္ခိုင်ကျောင်းသားများသမဂ္ဂအနေဖြင့်လည်း နွေဦးတော်လှန်ရေးအရေးတော်ပုံ အောင်မြင်စေရန် မိတ်ဆွေကောင်းပီသစွာ တတ်နိုင်သည့်ဘက်မှကူညီလျက် ပြည်သူ့တော်လှန်ရေးသမားများနှင့်အတူ ရပ်တည်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်တပ်မှ စစ်အာဏာတည်တံ့ရန် လုပ်လာသည့်အခြေအနေတွင် ကျောင်းသားများအနေဖြင့် သပိတ်မှောက်ပေးရန်လိုအပ်ပြီး၊ စစ်တပ်က လူသားမဆန်သည့် ရာဇဝတ်မှုများ ကျူးလွန်နေသည်ကိုတွေ့နေရသဖြင့် လူသားချင်းစာနာပေးရန် လိုအပ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိသည့် ကျောင်းသားများအနေဖြင့် ကျောင်းမတက်ရန် တိုက်တွန်းရခြင်းဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) မှ အထွေထွေအတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းက ပြောသည်။

“စစ်အာဏာတည်တံ့ဖို့ လုပ်လာတဲ့အခြေအနေမှာ ကျနော်တို့ကျောင်းသားတွေကိုယ်တိုင်က ကျောင်းမတက်ဘဲ စစ်ကောင်စီကဖွင့်တဲ့ဟာကို သပိတ်မှောက်ပေးဖို့ လိုအပ်တယ်။ ပြီးတော့ စစ်တပ်က လူသားမဆန်ဘဲနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာတွေ အများကြီးတွေ့ရတယ်။ ကျောင်းသားတွေအများကြီး အဖမ်းခံထားရတာတွေရှိတယ်။ အသတ်ခံထားရတာတွေအများကြီးရှိတယ်။ ဒီအခြေအနေမှာ ကျနော်တို့ဟာ လူသားအချင်းချင်းစာနာပေးဖို့လိုအပ်တယ်။ လူတွေအများကြီး သေနေတဲ့အချိန်မှာ ကျနော်တို့တွေက ကျောင်းသွားတက်တယ်ဆိုတာက မဖြစ်သင့်ဘူး။ ဒါက လူ့ကျင့်ဝတ်အရ လက်ခံလို့မရတဲ့အခြေအနေမျိုး ဖြစ်သွားပြီ” ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီကဖွင့်သည့် ပညာရေးစနစ်သည် သုံးစားမရသည့် အခြေအနေဖြစ်သလို ယခုကျောင်းဖွင့်ခြင်းသည် စစ်တပ်မှ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်သည်ကို ပြချင်သည့်အတွက် ဖွင့်ခြင်းသာဖြစ်သည်ဟု ကိုမြတ်ဟိန်းထွန်းက ဆက်လက်ပြောသည်။

“စစ်တပ်ကလုပ်လာတဲ့ ပညာရေးစနစ်က ပညာရေးယန္တရားကြီးတစ်ခုလုံးကိုက သုံးစားလို့မရဘူး။ အခိုက်အတန့်သဘောရာ သူတို့လုပ်တာပဲတွေ့ရတယ်။ ဥပမာ - ကျောင်းတွေကိုဖွင့်ဖို့ ဘယ်ခါဖွင့်မလည်း။ ဘယ်လိုပုံစံမျိုးသွားမလည်းဆိုတာက အစ ဘာမှမရှိဘဲနဲ့ ကျောင်းသာဖွင့်တယ်။ ဒါက သိသာတဲ့အချက်ကတော့ စစ်တပ်ကနေပြီးတော့ သူတို့အုပ်ချုပ်ရေးယန္တရား လည်ပတ်တယ်ဆိုတာ ပြချင်တဲ့အတွက် ကျောင်းတွေကို စဖွင့်ပြတာဖြစ်တယ်။ ရခိုင်တွေအနေနဲ့ ဒီအချိန်မှာ စစ်တပ်အာဏာသိမ်းမှုဟာ ကျနော်တို့နဲ့မဆိုင်၊ ကျနော်တို့ ကျောင်းတက်ရမယ်ဆိုတာ မဖြစ်စေချင်ဘူး” ဟု ပြောသည်။

ယင်းအတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပညာသင်ကြားလျက်ရှိသော ရက္ခိုင်ကျောင်းသား/သူများအနေဖြင့်လည်း မိတ်ဆွေကောင်းပီသသောစိတ်ဓါတ်ဖြင့် စစ်ကောင်စီမှဖွင့်လှစ်မည့် တက္ကသိုလ်၊ ကျောင်းများတွင် တက်ရောက်ခြင်းမပြုရန် တိုက်တွန်းရခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိသည့် တိုင်းနှင့်ပြည်နယ်အများစုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှဖွင့်လှစ်သည့် ကျောင်းများတွင် မတက်ရောက်နိုင်သဖြင့် ကျောင်းသား/ကျောင်းသူအများစုမှာ ဆန္ဒပြကန့်ကွက်မှုများရှိနေကြသည်။

ရခိုင်ပြည်ရှိ တက္ကသိုလ်များတွင်လည်း ကျောင်းတက်/မတက်ကို ကျောင်းသား၊ ကျောင်းသူများ၏ သဘောသာဖြစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများအား တိုက်ခိုက်လာပါက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရပ်တည်ပေးသွားမည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ပြောဆိုထားသည်။

ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...