ရန်ကင်းမြို့နယ်ရှိ မိုးကောင်းရတနာဆေးရုံသစ်ရှေ့တွင် ချိန်ကိုက်ဗုံး ၂ လုံး ပေါက်ကွဲမှုဖြစ်ပွါး

ရန်ကင်းမြို့နယ်ရှိ မိုးကောင်းရတနာဆေးရုံသစ်ရှေ့တွင် ချိန်ကိုက်ဗုံး ၂ လုံး ပေါက်ကွဲမှုဖြစ်ပွါး

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် လာရောက်ဖွင့်လှစ်သွားသော မိုးကောင်းရတနာ (မိခင်နဲ့ ကလေး) ဆေးရုံသစ်ရှေ့တွင် ယမန်နေ့ (မေလ ၄ ရက်နေ့) ညပိုင်း၌ ချိန်ကိုက်ဗုံး ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။

ည ၈ နာရီ ၅၅ မိနစ်ခန့်တွင် ပထမတစ်လုံးပေါက်ကွဲခဲ့ပြီး ၉ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် နောက်ထပ်တစ်လုံး ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုပြင်းအားကြောင့် အနီးအနားရှိ လူနေတိုက်ခန်းများပါ တုန်လှုပ်သွားသည်ဟု ဒေသခံတစ်ဦးက မဇ္စျိမကို အတည်ပြုပြောပြသည်။

၎င်းချိန်ကိုက်ဗုံးနှစ်လုံးသည် မိုးကောင်းရတာနာဆေးရုံ ဝင်ပေါက် Gate1 နဲ့ Gate 2 ရှေ့တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက််မှုအခြေအနေအား တိတိကျကျ မသိရှိရသေးပေ။

ထိုဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များရောက်လာကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။

May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...