ဖာပွန်မြို့နှင့် အနီးနားရှိရွာများတွင် တိုက်ပွဲကြောင့် ဒေသခံများပိတ်မိနေ

ဖာပွန်မြို့နှင့် အနီးနားရှိရွာများတွင် တိုက်ပွဲကြောင့် ဒေသခံများပိတ်မိနေ

ဖာပွန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားတပ်မတော် - KNLA တပ်မဟာ (၅) တို့အကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် ဖာပွန်မြို့နှင့် အနီးနားရှိကျေးရွာများတွင် ဒေသခံများပိတ်မိနေပြီး စာနပ်ရိက္ခာများလည်း ပြတ်လုနီးပါးရှိနေပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ဖာပွန်မြို့တွင်နေထိုင်သည့် ဒေသခံလူထုများသည် တိုက်ပွဲကြောင့် ပြီးခဲ့သည့် မတ်လကုန်ကတည်းကစတင်၍ အပြင်ထွက်သွားလာခွင့်မရတော့သည့်အပြင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲရှိသည့်အတွက် လူထုများမှာ ယခုလို စားနပ်ရိက္ခာပြတ်လုနီးပါး ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ဒေသအတွင်းရှိ လူထုများသည် တိုက်ပွဲကြောင့် အပြင်ထွက်ခွင့်မရသည့်အပြင် မြို့ပြင်နှင့် ရွာအပြင်တွင်လည်း မြေမြုပ်မိုင်းများထောင်ထားသည့်အတွက် အပြင်ထွက်သည့်လူနှင့် တိရိစ္ဆာန်အချို့ ထိခိုက်မှုများလည်းရှိသည်ဟု သိရသည်။

“ဒီလိုမျိုးပဲဆက်သွားရင် နောက်လမှာ ကျနော်တို့ ဆန်ပြုတ်သောက်ရမယ့်အခြေအနေရောက်ပြီ။ ဘာမှလုပ်လို့မရဘူး ပိတ်ဆံရှိရင်လည်း ဆန်၊ ဆီ၊ ဆား ရှာဝယ်လို့မရတော့ဘူး။ ခြံထဲမှာ သွားရှာစားဖို့လည်း ခြေထောက်အပိုမပါတော့ မသွားရဲတော့ဘူး။ သွားတဲ့အချိန် တိုက်ပွဲဖြစ်ရင်လည်း မလွယ်ဘူး။ နေ့တိုင်းပဲ သေနတ်ကြီးတွေနဲ့ ပစ်နေကြတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

ယခုအချိန်တွင် ဖာပွန်၏ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဖာပွန်-ကမမောင်း လမ်းမကြီးလည်း ပိတ်ထားသည့်အတွက် ကုန်ပစ္စည်း သယ်ဆောင်နေသည့်ကားများ မထွက်ရဲတော့သည့်အတွက်ကြောင့် မြို့အတွင်းရှိ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ အဆမတန် စျေးတက်သွားပြီး ရောင်းချပေးနေသည့်ဆိုင်လည်း နည်းသွားကြောင်း ဖာပွန်မြို့ဒေသခံထံမှ သိရသည်။

ထို့အပြင် ဖာပွန်မြို့နယ်တွင် အခြားဒေသနည်းတူ မိုဘိုင်းဒေတာအင်တာနက်လိုင်း ဖြတ်တောက်ခံရသည့်အပြင် ဖုန်းလိုင်းအချို့လည်း ဖြတ်ထားသည့်အတွက် ယခုအချိန်တွင် MPT ဖုန်းလိုင်းတစ်ခုတည်းကိုသာ ဖုန်းပြောခွင့်ရသလို အိမ်သုံးအင်တာနက် WiFi လည်းမရှိကြောင်း သိရသည်။

ဖာပွန်မြို့နယ်တွင် ရွာအပြင်မထွက်ရဲသည့် ကျေးရွာအမြောက်အမြားရှိပြီး မြစ်ကြောင်းနှင့်နီးသည့် အချို့ကျေးရွာလူထုများသည် ထွက်ပေါက်လမ်းကြောင်းရှာဖွေကာ သံလွင်မြစ်တစ်ဖက်ကမ်း မြိုင်ကြီးငူတွင် သွားရောက်ခိုလှုံနေသည့်သူများလည်းရှိသည်ဟု ဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့တွင်လည်း KNU မူတြော်ခရိုင်၊ တပ်မဟာ (၅) မှ လူထုများကို သတိပေးစာတစ်စောင်ထုတ်ပြန်ထားကာ ခေါပုတ်-ဖာပွန်-ကမမောင်း လမ်းမကြီးတစ်ဖက်တစ်ချက်စီရှိ သွားလာနေကြလူ ဖြတ်လမ်းမှ ဘေးသို့မသွားရန်နှင့် စစ်ကောင်စီတပ်များလှုပ်ရှားမှုနှင့်ကင်းပုန်းဝပ်လေ့ရှိသည့်နေရာများကို သွားလာခြင်းမပြုရန် သတိပေးထားသည့်အပြင် အခြားမြို့ရွာများသို့သွားလာပါက အသိပေးအကြောင်းကြား ခွင့်တောင်းပြီးမှ သွားလာရန် သတိပေးညွှန်ကြားထားခြင်းလည်းရှိသည်ဟု သိရသည်။

အလားတူ ဖာပွန်ရှိမြို့ အဝင်/အထွက်ရှိ စစ်ကောင်စီတပ်စခန်းသည်လည်း လူထုများ ဝင်ထွက်သွားလာပါက ၎င်းတို့တပ်စခန်းထံ အသိပေးအကြောင်းပြီးမှ ဝင်/ထွက်ခွင့်ပေးကြောင်းလည်း သိရသည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...