နိုင်ငံရေးမငြိမ်မှုကြောင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ဝန်ဖိုက်ဒီရေတောတွင် သစ်အခုတ်ခံရမှု များပြားနေ

နိုင်ငံရေးမငြိမ်မှုကြောင့် မြန်မာနိုင်ငံ၏ အကြီးဆုံး ဝန်ဖိုက်ဒီရေတောတွင် သစ်အခုတ်ခံရမှု များပြားနေ

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံးဒီရေတောဖြစ်သော ဝန်ဖိုက်ဒီရေတောတွင် သစ်များ ပိုမိုအခုတ်ခံလာရသည်ကိုတွေ့မြင်မိကြောင်း ရမ်းဗြဲမြို့ဒေသခံ ဦးကျော်ကျော်နိုင်ကပြောသည်။

ယခင်က ဝန်ဖိုက်သစ်တောရှိ လူသူအရောက်အပေါက်နည်းသောနေရာများသို့ စက်လှေများဖြင့် လူအချို့မှ လာရောက်ခုတ်ယူမှုများရှိခဲ့သော်လည်း စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရန်ကုန်-ကျောက်ဖြူ ကားလမ်းနံဘေးရှိ အပင်များကိုပါ ခုတ်ယူကာ မော်တော်ကားဖြင့် သယ်ဆောင်မှုများအထိရှိလာကြောင်း သူကဆိုသည်။

“နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်တဲ့နောက်ပိုင်းမှာ အဲဒီအပင်တွေ မရှိတော့ဘူး။ နေ့ခင်းကြောင်တောင်ကြီး လှုပ်ရှားနေကြတာကို ကျွန်တော်သွားရင်းလာရင်း တွေ့နေရပါတယ်” ဟု ဦးကျော်ကျော်နိုင်ကပြောသည်။

လက်ရှိတွင် တောင်ကုတ်မြို့နယ်၊ အမ်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်တို့မှ ငါးသယံဇာတနှင့် ပုဇွန်သယံဇာတများမှာ အဆိုပါ ဒီရေတောကြီးကိုသာ မှီခိုနေရသည့်အတွက် ယင်းဒီရေတော ပျက်စီးသွားမည်ကို စိုးရိမ်မိကြောင်း သူကဆိုသည်။

ဒီရေတောများမှာ သား၊ ငါး၊ ပုစွန်များ ရှင်သန်ပေါက်ဖွားရာ နေရာတစ်ခုဖြစ်သဖြင့် ဒီရေတောများ ပျောက်ကွယ်ပျက်စီးသွားပါက ငါးပုဇွန်များလည်း ရှိလာနိုင်မည်မဟုတ်ကြောင်း ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအသင်း (RCA) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်ကပြောသည်။

“ဒီသစ်တောကြီးက ရခိုင်ပြည်နယ်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးကြီးရတနာတစ်ခုဖြစ်နေပေမယ့် အရင်ကရော အခုရော သစ်တွေကို ခုတ်နေကြတာပဲ။ ကာရီ (တာ) တွေဆည်ပြီး လုပ်နေကြတာပဲ။ ဒါတွေကို ထိမ်းသိမ်းဖို့ လက်ရှိမှာတော့ အချိန်နည်းနည်းမှီသေးတယ်။ ဒီလိုမှမဟုတ်ပဲ ဒီအတိုင်းသာ ဆက်သွားနေရင်တော့ နောင်အများခံရင် ဆယ်နှစ်ပဲ” ဟု သူကဆိုသည်။

အဆိုပါဒီရေတောကြီးကို ထိန်းသိမ်းရန်အတွက် ပြည်သူများကို စနစ်တကျ အသိပညာပေးခြင်း၊ ထင်း/မီးသွေး လုပ်ငန်းလုပ်ကိုင်နေသူများအတွက် အခြားသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် စနစ်တကျ စောင့်ကြည့်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းကိုလည်း ဒေါက်တာခင်မောင်ကြည်က ပြောသည်။

“သက်ဆိုင်ရာ နိုင်ငံရေးသမားတွေ၊ အာဏာရှိသူတွေ ကိုယ်တိုင်က ပြည်သူတွေငြိုငြင်မှာ (မဲမရမှာ) ကြောက်ပြီး ဘာမှ ထိထိရောက်ရောက်လုပ်ခဲ့ကြတာမဟုတ်ဘူး” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

လက်ရှိတွင် ဝန်ဖိုက်ဒီရေတောအား ဒေသခံပြည်သူများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များဖြင့် တစ်လလျှင် လေးကြိမ် ကင်းလှည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရမ်းဗြဲမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးမင်းထက်အောင်ဆိုသည်။

“ကင်းလှည့်တာတွေအပြင် ဝန်ဖိုက်ဒီရေတောထဲက ပျက်စီးသွားတဲ့ ငါးကန်၊ ပုစွန်ကန်တွေနေရာမှာ စိုက်ခင်းတွေ ပြန်စိုက်ပေးနေတာတွေရှိပါတယ်။ ကျွန်တော်တို့ သစ်တောဝန်ထမ်းတွေအနေနဲ့ လိုအပ်ရင်လိုအပ်သလို လှေနဲ့သွားပြီး ရှောင်တခင် စစ်ဆေးတာတွေလည်းရှိပါတယ်။ လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေအရ တချို့နယ်တွေဘက်ကပါလာပြီး ထင်းခုတ်တာတွေမျိုးတော့ရှိနေပါတယ်” ဟု သူကဆိုသည်။

ဝန်ဖိုက်ဒီရေတောသည် ရခိုင်ပြည်နယ် ရမ်ဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်းတည်ရှိပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး ဒီရေတောဖြစ်ကာ ဧက ၁၅၀၀၀၀ ကျော်ခန့်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲများစွာ ရှင်သန်ကျက်စားရာ နေရာတစ်ခုလည်းဖြစ်သည်။

လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...