အိန္ဒုတွင် သပိတ်စစ်ကြောင်းထွက်ရန်လူစုစဉ် သေနတ်ပစ်ဖောက်ဖြိုခွင်းခံရ

အိန္ဒုတွင် သပိတ်စစ်ကြောင်းထွက်ရန်လူစုစဉ် သေနတ်ပစ်ဖောက်ဖြိုခွင်းခံရ

ကရင်ပြည်နယ် ဖားအံမြို့နယ် အိန္ဒုကျေးရွာတွင် ယနေ့ (မေ ၂ ရက်) နံနက်တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းထွက်ရန်အတွက် ကျေးရွာဘောလုံးကွင်းအနီးတွင် လူငယ်များလူစုနေစဉ် အရပ်ဝတ်လူ ၄ ဦးမှ သေနတ်ဖောက်ပြီး လာရောက်ဖြိုခွင်းခဲ့သည်ဟု သိရသည်။

သပိတ်စစ်ကြောင်း ထွက်ရန်အတွက် လူစုသည့်နေရာအနီး နံနက် ၈ နာရီဝန်းကျင်ခန့်တွင် အရပ်ဝတ်လူ ၄ဦးမှ အိမ်စီးကား ဖြင့်ရောက်လာပြီး လူစုခွဲရန် သေနတ်ပစ်ဖောက်သည့်အတွက်  လူငယ်များလူစုခွဲရပြီး ဆိုင်ကယ် အမြောက်အမြားလည်း လူစုရာနေရာတွင် ကျန်ခဲ့သည်ဟု သပိတ်တွင် ပါဝင်သည့် လူငယ်တစ်ဦးထံမှသိရသည်။

“ သေနတ်ပစ်ဖောက်တော့ အကုန်ပြေးရတယ်။ တစ်ချို့က ဆိုင်ကယ်ယူနိုင်တယ် တစ်ချို့က ယူမအားတော့ဘူး ပြေးနေရတယ်။ သူတို့က အိမ်စီးကားနဲ့ လာတော့ မသိရဘူး။ ကိုယ်တွေမသိတဲ့ အိမ်စီးကားနဲ့ ဘယ်နှစ်ဦးတောင်ပါလာလဲတော့မသိဘူး။ ကျန်တဲ့ ဆိုင်ကယ်တွေကို အခု သူတို့ကားနဲ့လာသယ်သွားလိုက်ပြီး” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါနေရာတွင် ထွက်ပြေးနေရသည့် လူငယ်များ ကျန်ခဲ့သည့် ဆိုင်ကယ် အစီး ၃၀ကျော်ကို အရပ်ဝတ်နှင့် လူမှကား ၂ စီးဖြင့် လာရောက်သယ်ဆောင်သွားကာ အိန္ဒုရဲစခန်းတွင် သိမ်းယူထားလိုက်သည်ဟု သိရသည်။

စစ်အာဏာရှင် ဆန့်ကျင်သပိတ်မှောက်သည့်အနေဖြင့် အိန္ဒုသပိတ်စစ်ကြောင်းသည် မကြာခဏ ထွက်ပြီး ဆန္ဒထုတ်ဖော်ကြကာ စစ်ကောင်စီဘက်မှ အဖမ်းအဆီးများ ပြုလုပ်သည့် နောက်ပိုင်းတွင် ၎င်းသပိတ်စစ်ကြောင်းသည် မြို့ပေါ်မတက်တော့ ဘဲ ပုံစံပြောင်းပြီး ကျေးရွာများတွင် သွားရောက်ဆန္ဒ ထုတ်ဖော်မှုလည်းရှိသည်ဟု သိရသည်။

ယနေ့ မေလ ၂ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့ နွေဦးတော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ပြီး အဖမ်းအဆီးများရှိသော်လည်း နေရာဒေသအသီးသီးတွင် စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်း များ ပြန်လည်ချီတက်ပြီး တော်လှန်နေကြသည်ဟုသိရသည်။

May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...