မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်

မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်

ရစ်ချက် – အိန္ဒိယနိုင်ငံ ပြည်မဒေသဘက်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်း အရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ မြန်မာ စစ်ဘေးရှောင်အများစုထွက်ပြေးတိမ်းရှောင်နေကြသည့် မီဇိုရမ်ပြည်နယ်တွင်လည်း ကူးစက်မှုနှုန်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာကြောင်း သိရသည်။\

မီဇိုရမ်ပြည်နယ် ဒေသထုတ်သတင်းဖော်ပြချက်အရ ဧပြီလ ၂၈ တစ်ရက်နေ့တွင် မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ လူနာသစ် ၂၂၉ ဦး ရှိကြောင်း ဖော်ပြသည်။

အဆိုပါ တစ်ရက်အတွင်း တွေ့ရှိသော လူနာသစ် ၂၂၉ ဦးမှာ မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး စတင် တွေ့ရှိခဲ့သည့်အချိန်ကစပြီး တစ်ရက်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှု အများဆုံးစံချိန်ဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိခဲ့သည့်အချိန်ကစပြီး ယနေ့ချိန်အထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ၅၇၄၂ ရှိသည့်အနက် လူဦးရေ ၄၇၄၃ ဦးမှာ သက်သက်ပျောက်ကင်းနေပြီဖြစ်ကြောင်းနှင့် လူဦးရေ ၉၈၆ ဦးတို့မှာ ဆေးကုသမှုခံယူနေကြဆဲဖြစ်ကြောင်း သိရပြီး ကိုဗစ်ရောဂါကြောင့် ၁၃ ဦး သေဆုံးခဲ့ပြီဖြစ်သည်။

မီဇိုရမ်ပြည်နယ်သည် ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသတွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်ပြီး၊ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နွေးဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင် ၅၀၀၀ ခန့် ထွက်ပြေးခိုလှုံနေကြရကြောင်း သိရသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...