မင်းတပ်မြို့ကိုသိမ်းပိုက်ရန်စစ်ကောင်စီတပ်ဖွဲ့အင်အားအများအပြားဖြင့်လာရောက်တိုက်ခိုက်နေ

မင်းတပ်မြို့ကိုသိမ်းပိုက်ရန်စစ်ကောင်စီတပ်ဖွဲ့အင်အားအများအပြားဖြင့်လာရောက်တိုက်ခိုက်နေ

ချင်းပြည်နယ်မင်းတပ်မြို့နှင့်၁၂မိုင်အကွာထင်ချောင်းရွာတွင်ကလေး၊ဂန့်ဂေါ၊ပခုဣူဖက်မှလာသည့်စစ်ကောင်စီတပ်အင်အားအများအပြားနှင့်ဒေသခံပြည်သူများအကြားထိတွေ့ပစ်ခတ်မှုများပြင်းထန်ကာ ထင်ချောင်းရွာထဲသို့ စစ်ကောင်စီတပ်များက ဗုံးသီးများဖြင့်ပစ်ခတ်မူကြောင့်အိမ်တချို့မီးလောင်ကျွမ်းသွားကြောင်းမင်းတပ်မြို့တွင်နေထိုင်သူဒေသခံတချို့ထံမှသိရပါသည်။

ယနေ့မနက်ပြန်လည်စတင်လာသည့်စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့်ပြည်သူများအကြားပစ်ခတ်မူများသည်ယခုအချိန်တွင်မြို့အ၀င်အရှေ့ပြင်ရပ်ကွက်နားအထိရောက်လာသဖြင့်မြို့ပေါ်ရှိမိသားစုအများအပြားတိမ်းရှောင်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့၀င်များ မင်းတပ်မြို့ပေါ်တွင်အခိုင်အမာတပ်စွဲနိုင်ရေးအတွက်အပြင်းအထန်ကြိုးပမ်းမူကိုမင်းတပ်ဒေသခံပြည်သူများမှတူမီးသေနတ်များဖြင့်ပစ်ခတ်ခုခံဟန့်တားနေဆဲဖြစ်သည်။

ယနေ့ စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့်ဒေသခံပြည်သူများအကြားပစ်ခတ်မှု့ကြောင့်ထိခိုက်ဒဏ်ရာရသေဆုံးသူအရေအတွက်မသိရသေးပါ။

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...