ချင်းပြည်နယ်မင်းတပ်မြို့နှင့်၁၂မိုင်အကွာထင်ချောင်းရွာတွင်ကလေး၊ဂန့်ဂေါ၊ပခုဣူဖက်မှလာသည့်စစ်ကောင်စီတပ်အင်အားအများအပြားနှင့်ဒေသခံပြည်သူများအကြားထိတွေ့ပစ်ခတ်မှုများပြင်းထန်ကာ ထင်ချောင်းရွာထဲသို့ စစ်ကောင်စီတပ်များက ဗုံးသီးများဖြင့်ပစ်ခတ်မူကြောင့်အိမ်တချို့မီးလောင်ကျွမ်းသွားကြောင်းမင်းတပ်မြို့တွင်နေထိုင်သူဒေသခံတချို့ထံမှသိရပါသည်။
ယနေ့မနက်ပြန်လည်စတင်လာသည့်စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့်ပြည်သူများအကြားပစ်ခတ်မူများသည်ယခုအချိန်တွင်မြို့အ၀င်အရှေ့ပြင်ရပ်ကွက်နားအထိရောက်လာသဖြင့်မြို့ပေါ်ရှိမိသားစုအများအပြားတိမ်းရှောင်နေကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့၀င်များ မင်းတပ်မြို့ပေါ်တွင်အခိုင်အမာတပ်စွဲနိုင်ရေးအတွက်အပြင်းအထန်ကြိုးပမ်းမူကိုမင်းတပ်ဒေသခံပြည်သူများမှတူမီးသေနတ်များဖြင့်ပစ်ခတ်ခုခံဟန့်တားနေဆဲဖြစ်သည်။
ယနေ့ စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့်ဒေသခံပြည်သူများအကြားပစ်ခတ်မှု့ကြောင့်ထိခိုက်ဒဏ်ရာရသေဆုံးသူအရေအတွက်မသိရသေးပါ။







