ဟိုပင်မြို့ နှင့် ကြာကြီးကွင်းကျေးရွာကြားရှိ တ၀က်ချောင်း ကူးတံတား နှင့် ရထားလမ်း မိုင်းခွဲခံရ

ဟိုပင်မြို့ နှင့် ကြာကြီးကွင်းကျေးရွာကြားရှိ တ၀က်ချောင်း ကူးတံတား နှင့် ရထားလမ်း မိုင်းခွဲခံရ

ဟိုပင်မြို့ နှင့် ကြာကြီးကွင်းကျေးရွာကြားရှိ တဝက်‌ချောင်း ကူးတံတားနှင့် ရထားလမ်း ကို ဧပြီလ ၂၇ ရက်နေ့ ည ၁၁ ခွဲအချိန်က မိုင်းခွဲခံရ ကြောင်း သိရသည်။

“ ည ၁၁ နာရီကျော်လောက်မှာ ခွဲခံရတာ ၊ ည တစ်နာရီကျော်အထိ သေနတ်သံတွေလည်း ကြားနေရတယ်” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောသည်။

မိုင်းခွဲခံရသောကြောင့် ချောင်းတံတားအောက်တချို့ ပျက်ဆီးခဲ့ပြီးနောက် ယနေ့နံနက်အချိန်ထိ ဖြတ်သန်းသွားလာ မှု ပြုလုပ်နိုင်ကြောင်း သိရသည်။

ရထားလမ်းမှာလည်း အောက်ခြေအုတ်များ နှင့် သံလမ်းပျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက်နေ့ကလည်း မိုးညှင်းမြို့ ရှောင်လမ်းရှိ နမ့်ရင်းချောင်းကူးတံတား  ( ရွှေဘို-မြစ်ကြီားနား ဗျူဟာလမ်းပိုင်း) မိုင်းခွဲခံခဲ့ရပြီး အောက်ခြေအင်္ဂတေတချို့ ပျက်ဆီးခဲ့သည်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...