သောလယ်ထာ့ရှိ စစ်ကောင်စီ စခန်းကို KNLA တပ်မဟာ ၅ တက်ရောက်သိမ်းယူ

သောလယ်ထာ့ရှိ စစ်ကောင်စီ စခန်းကို KNLA တပ်မဟာ ၅ တက်ရောက်သိမ်းယူ

ထိုင်း-မြန်မာနယ်စပ် သောလယ်ထာ့ (မဲ့စန်လက်) စစ်ကောင်စီ၏ တပ်စခန်းကို ယနေ့ နံနက် ၆ နာရီကျော်အချိန်တွင် ကေအဲန်ယူ -ကရင်အမျိုးသားစည်းအရုံး ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ ) တပ်မဟာ ၅ က တက်ရောက်သိမ်းယူခဲ့သည်ဟု သောလယ်ထာ့ဒေသခံများက ပြောသည်။

“ဒီမနက် ၅ နာရီ လောက်မှာ စတက်တာ၊ ၆ နာရီကျော်ကျော်လောက်မှာ စခန်းတက်သိမ်းနိုင်တယ်လို့ သိရတယ်။ အသံတွေ ဆူညံနေရောပဲ။ စခန်းတွေကို မီးရှို့ လိုက်ပြီ။ အခု ကျနော်ပြောနေတဲ့အချိန်မှာပဲ ကမ်းနံဖူးမှာ ဗမာစစ်သား ၇ ယောက် ထွက်ပြေးနေတာ လှမ်းမြင်ရတယ်။ သေနတ်တွေ ပါသေးတယ်။”ဟု ထိုင်းဘက်ခြမ်းရှိ ဒေသခံရွာသားတစ်ဦးက ယနေ့ နံနက် ၇နာရီအချိန်တွင် ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ရက်နေ့တုန်းကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ သီးမူထာ့ စစ်ကောင်စီ စခန်း တစ်ခုကိုလည်း ကေအဲန်အဲလ်အေ တပ်မဟာ ၅က တက်ရောက်သိမ်းယူခဲ့ပြီဖြစ်သည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...