သောလယ်ထာ့ရှိ စစ်ကောင်စီ စခန်းကို KNLA တပ်မဟာ ၅ တက်ရောက်သိမ်းယူ

သောလယ်ထာ့ရှိ စစ်ကောင်စီ စခန်းကို KNLA တပ်မဟာ ၅ တက်ရောက်သိမ်းယူ

ထိုင်း-မြန်မာနယ်စပ် သောလယ်ထာ့ (မဲ့စန်လက်) စစ်ကောင်စီ၏ တပ်စခန်းကို ယနေ့ နံနက် ၆ နာရီကျော်အချိန်တွင် ကေအဲန်ယူ -ကရင်အမျိုးသားစည်းအရုံး ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ ) တပ်မဟာ ၅ က တက်ရောက်သိမ်းယူခဲ့သည်ဟု သောလယ်ထာ့ဒေသခံများက ပြောသည်။

“ဒီမနက် ၅ နာရီ လောက်မှာ စတက်တာ၊ ၆ နာရီကျော်ကျော်လောက်မှာ စခန်းတက်သိမ်းနိုင်တယ်လို့ သိရတယ်။ အသံတွေ ဆူညံနေရောပဲ။ စခန်းတွေကို မီးရှို့ လိုက်ပြီ။ အခု ကျနော်ပြောနေတဲ့အချိန်မှာပဲ ကမ်းနံဖူးမှာ ဗမာစစ်သား ၇ ယောက် ထွက်ပြေးနေတာ လှမ်းမြင်ရတယ်။ သေနတ်တွေ ပါသေးတယ်။”ဟု ထိုင်းဘက်ခြမ်းရှိ ဒေသခံရွာသားတစ်ဦးက ယနေ့ နံနက် ၇နာရီအချိန်တွင် ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ရက်နေ့တုန်းကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ သီးမူထာ့ စစ်ကောင်စီ စခန်း တစ်ခုကိုလည်း ကေအဲန်အဲလ်အေ တပ်မဟာ ၅က တက်ရောက်သိမ်းယူခဲ့ပြီဖြစ်သည်။

Most read this week

February 23, 2026
တော်လှန်ရေးအရွေ့အတွက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကော်သူးလေရှိ ကရင်လူငယ် များနှင့်...
CJ (မရောင်းထွက်သေးသည့် ကြံသကာများကို တောင်သူတစ်ဦးနှင့်အတူတွေ့ရစဥ်)
February 21, 2026
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကြံပင်စိုက်၍ ကြံသကာကြိုချက်...
February 20, 2026
ကရင်ပြည်နယ် မြဝတီမြို့ပေါ်ရှိ တစ်နိုင်တစ်ပိုင် ရောင်းချနေသည့် လမ်းဘေးစက်သုံးဆီဆိုင်များကို...
February 19, 2026
မဲခေါင်မြစ်ဝှမ်းဒေသအတွင်း နှစ်စဉ်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် လေထုညစ်...