ဆန္ဒပြသပိတ်တွင် ပါဝင်သည်ဟုဆိုကာ ဖားအံလူငယ် နှစ်ဦး ဖမ်းဆီးခံရ

ဆန္ဒပြသပိတ်တွင် ပါဝင်သည်ဟုဆိုကာ ဖားအံလူငယ် နှစ်ဦး ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း ပါဝင်သည်ဟုဆိုကာ ယမန်နေ့(ဧပြီ ၂၆) ည ၉ နာရီကျော်တွင် စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ များပူးပေါင်း၍ လူငယ်နှစ်ဦးကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

အဆိုပါ မောင်အောင်ပြည့်မြတ်နှင့် စောအောင်ခိုင်မျိုးတို့ လူငယ်နှစ်ဦးကို ဆိုင်ကယ်လိုင်စင်နံပါတ်၊ နာမည်၊ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူများက ကေအိုင်စီသို့ ပြောသည်။

“မနေ့ညက လာခေါ်သွားတယ်။ ဆိုင်ကယ်သပိတ်မှာ ပါဝင်လို့ဆိုပြီး ဆိုင်ကယ်လိုင်စင်နံပါတ်ရယ်၊ ကောင်လေး တွေရဲ့ဓာတ်ပုံရယ်၊ နာမည်အတိအကျမေးပြီး ဖမ်းသွားတယ်။ ဘယ်နေ့က record (မှတ်တမ်း) ကိုကြည့်ပြီး ဖမ်းသွားတာလဲတော့ မသိဘူး။”ဟု ထိုလူငယ်များနှင့် နီးစပ်သူတစ်ဦးက ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ပြောသည်။

အဆိုပါ လူငယ်နှစ်ဦးသည် ဖားအံမြို့ အမှတ် ၅ ရပ်ကွက်၊ အောင်နန်း ၃ လမ်းတွင် နေထိုင်ကြပြီး မောင်အောင်ပြည့်မြတ်သည် ဖားအံတက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသားတစ်ဦးဖြစ်သည်။

လက်ရှိ ကရင်ပြည်နယ် ဖားအံမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသည့် လူငယ် စုစုပေါင်း ၁၀၀ ဦးကျော်ပြီဟု သိရသည်။

February 23, 2026
တော်လှန်ရေးအရွေ့အတွက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကော်သူးလေရှိ ကရင်လူငယ် များနှင့်...
CJ (မရောင်းထွက်သေးသည့် ကြံသကာများကို တောင်သူတစ်ဦးနှင့်အတူတွေ့ရစဥ်)
February 21, 2026
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကြံပင်စိုက်၍ ကြံသကာကြိုချက်...
February 20, 2026
ကရင်ပြည်နယ် မြဝတီမြို့ပေါ်ရှိ တစ်နိုင်တစ်ပိုင် ရောင်းချနေသည့် လမ်းဘေးစက်သုံးဆီဆိုင်များကို...
February 19, 2026
မဲခေါင်မြစ်ဝှမ်းဒေသအတွင်း နှစ်စဉ်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် လေထုညစ်...