ကညင်ချောင်းစီးပွားရေးဇုန်မှ နယ်စပ်ကုန်သွယ်မှုများ စတင်ပြုလုပ်

ကညင်ချောင်းစီးပွားရေးဇုန်မှ နယ်စပ်ကုန်သွယ်မှုများ စတင်ပြုလုပ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောင်းသူဈေးကွက်ဖော်ဆောင်နိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က စတင် တည်ဆောက်ခဲ့သည့် မောင်တောမြို့၊ ကညင်ချောင်းစီးပွားရေးဇုန်မှ ယခုဧပြီလ ဒုတိယအပတ်မှစတင်ကာ နယ်စပ်ကုန်သွယ်မှု ပြုနေပြီဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် အဓိကကုန်သွယ်မှုပြုလုပ်ခဲ့သည့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကိုဗစ်ကပ် ရောဂါကြောင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇူလိုင်လမှ စတင်ပိတ်ထားခဲ့ရသည်။ ယင်းသို့ ကုန်သွယ်မှု ၉ လ ကျော်ကြာရပ်တန့်ခဲ့သဖြင့် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၅ သောင်းခန့် နစ်နာခဲ့ရကြောင်း မောင်တော နယ်စပ်ကုန်သည်ကြီးများအသင်းမှ သိရသည်။

လက်ရှိမှာ နယ်စပ်ကုန်သွယ်မှုများကို ကညင်ချောင်းစီးပွားရေးဇုန်မှ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ကညင်ချောင်းစီးပွားရေးဇုန်အကောင်အထည်ဖော်တည်ဆောက်ရေး ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ဆိုသည်။

“ယာယိမ်ပိတ်ထားတဲ့ နယ်စပ်ကုန်သွယ်မှုကို ဧပြီလ ၁၃ ရက်နေ့ကနေ ကညင်ချောင်းစီးပွါးရေးဇုန်ကနေ ကုန်သွယ်မှုစတင်ပြုလုပ်နေတယ်။ ဇုန်ဖွင့်ပွဲလည်းမကြာမှီလုပ်သွားမှာပါ” ဟု ၎င်းကပြောသည်။

ကညင်ချောင်းစီးပွားရေးဇုန်မှ နယ်စပ်ကုန်သွယ်မှုများကို ဧပြီလ ၁၃ ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ရာ ဧပြီ ၁၈ ရက်နေ့အထိ ဒေါ်လာ ၁ သိန်း ၃ သောင်းကျော်ဖိုး ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း တာဝန်ရှိသူထံမှ သိရသည်။

ထိုသို့ နယ်စပ်ကုန်သွယ်မှုပြုလုပ်ရာတွင် ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားကြောင်း မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က ဆိုသည်။

“ကိုဗစ်ကိုကာကွယ်တဲ့အနေနဲ့ မောင်တောမြို့နဲ့ဝေးတဲ့ ကညင်ချောင်းဇုန်ကနေ ကုန်သွယ်မှုပြုလုပ်ထား လိုက်တာ။ အလုပ်သမားတွေလဲ မြို့တွင်းကိုမလာခိုင်းဘူး။ သတ်မှတ်နေရာမှာဘဲနေခိုင်းထားပြီး ကိုဗစ် စစ်ဆေးမှုတွေပြုလုပ်ထားတယ်” ဟု ၎င်းကပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောင်းသူဈေးကွက် ဖော်ဆောင်နိုင်ရန်အတွက် ကညင်ချောင်းစီးပွားရေးဇုန်ကို ၂၀၁၅ ခုနှစ်မှစတင်ခဲ့ရာ ၅ နှစ်ကျော်အကြာတွင် ကုန်သွယ်မှုစတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...