အခက်အခဲရှိတဲ့ CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးမှုတွေ ဆောင်ရွက်ပေးနေ

အခက်အခဲရှိတဲ့ CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးမှုတွေ ဆောင်ရွက်ပေးနေ

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အခက်အခဲပိုရှိတဲ့ CDM ဝင်တဲ့ အမျိုးသမီး ဝန်ထမ်းတွေနဲ့ မြို့ပေါ်ရပ်ကွက်ထဲက အမျိုးသမီးတွေကို ကူညီထောက်ပံ့ပေးတာတွေပြုလုပ်ပေးတယ်လို့ သိရပါတယ်။

ကူညီထောက်ပံ့ပေးတဲ့ အစီအစဉ်မှာ ပါဝင်လှုပ်ရှားတဲ့ ဒေသခံ အမျိုးသမီး တစ်ဦးကတော့ “ ဒီ CDMလုပ်တဲ့ ဝန်ထမ်းတွေ က အမျိုးသမီးထုတွေ အကုန်လုံးပေါ့။ အခက်အခဲ ရှိတဲ့ အမျိုးသမီးထုတွေကို တစ်ထောင့်တစ်နေရာ ကနေပြီးတော့မှ နည်းနည်းလေးထောက်ခံ နိုင်ဖို့ အားရှိမလားဆိုပြီးတော့မှ အလှူခံလိုက်တာ။ ခက်ခဲနေတဲ့ အမျိုးသမီးတွေ ဘယ်လောက်ရှိမလဲ CDMဝန်ထမ်းအမျိုးသမီးတွေ ဘယ်လောက်ရှိမလဲ ဆိုပြီးတော့မှ အလှူခံလိုက်တယ်။ ရလာတဲ့ အလှူခါကျတော့ အမျိုးသမီး ဦးဆောင်သူတွေလည်းပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း ပါတယ်။ အဲ့ဟာတွေ အကုန်လုံး စုပြီးတော့မှ ပြန်ခွဲဝေပေးတဲ့ အပိုင်းလုပ်တယ်ပေါ့နော။ ”

CDMဝင်တဲ့ ပညာရေးဝန်ထမ်း အမျိုးသမီး တစ်ဦးက လစာမရတော့တဲ့အတွက် အခက်အခဲရှိလာနိုင်ကြောင်း အခုလို ပြောပါတယ်။

“ အခက်အခဲဆိုတော့ အခုလောလောဆယ် ကျမတို့က နေရေး ထိုင်ရေးတော့ အဆင်ပြေတယ်ပေါ့။ ဒါပေမယ့် နောက်ပိုင်းကျရင် ကျမတို့က CDM လုပ်တယ်ဆိုတော့ လစာမပေးဘူးလို့ ပြောတယ်လေ ပညာရေးမှူးက လစာမပေးဘူးဆိုတော့ လစာ မရရင် ကျမတို့က ဘာသွားစားမလဲ ပေါ့နော။ စားဖို့ အခက်အခဲရှိတယ်ပေါ့။ စားဖို့ အခက်အခဲရှိတယ်ဆိုတော့ ငွေရေးကြေးရေးလည်း အခက်အခဲရှိတယ်လေ။ ”

ကောက်ခံရရှိတဲ့ အလှူငွေတွေနဲ့ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ တစ်ဦးကို ဆန်တစ်အိတ်နဲ့ ဆီ၊ ကုလားပဲ၊ ကြက်သွန်၊ ကြာဇံစတဲ့ ပစ္စည်း ၇ မျိုး ကို လှူဒါန်းထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

ထောက်ပံ့ပေးတဲ့နေရာမှာ CDMဝင်တဲ့ ဌာနငါးခုက အခက်အခဲရှိဆုံး ဝန်ထမ်းတွေနဲ့ ဖရူဆိုမြို့ပေါ် ငါးရပ်ကွက်ထဲက ခက်ခဲတဲ့ အမျိုးသမီးတွေကို လှူဒါန်းထောက်ပံ့ပေးတယ်လို့ သိရပါတယ်။

အခုလက်ရှိ ဖရူဆိုမှာ ခက်ခဲတဲ့ CDMဝန်ထမ်း ၃၃ ယောက်နဲ့ ငါးရပ်ကွက်ထဲက အမျိုးသမီးထု ၂၂ ယောက် စုစုပေါင်း ၅၅ယောက်ရှိတယ်လို့ သိရပါတယ်။

Most read this week

February 24, 2026
ကရင်နီပြည်ကြားကာလတရားစီရင်ရေးရဲ့တရားရုံးမှာ ၂၀၂၅ ခုနှစ် တနှစ်အတွင်း စွဲဆိုတင်ပို့လာတဲ့...
February 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာတရွာမှာ ကယန်းလူမျိုးစုတို့ရဲ့ "ထို"...
February 21, 2026
ကရင်နီပြည်မှာ တပ်တစ်တပ်တည်း တည်ရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးဆီကို လူထုတွေက...
February 20, 2026
ဖေဖော်ဝါရီလ (၁၈) ရက်နေ့ညပိုင်းမှာ စစ်ကော်မရှင်တပ်က ဖားဆောင်းမြို့တွင်းကနေ ဆက်လက်...